7.0
149,511
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

Turning Red (2022)

Animation, Adventure, Comedy

Credits 200

၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်နေ့ကထွက်ရှိထားတဲ့ Turning Red ဆိုတဲ့ Comedy animated movie လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Animated Movie ဆိုလို့ကလေးတွေ၊ ဆယ်ကျော်သက်အတွက်ပဲဖန်တီးထားတဲ့ ဇာတ်ကားမဟုတ်ဘဲ မိဘနဲ့သားသမီးအတူကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အရှေ့တိုင်းမိဘတွေနဲ့ ဆယ်ကျော်သက်သားသမီးတွေကြားမှာဖြစ်လေ့ရှိတဲ့ သဘောထားကွဲလွဲမှုပြဿနာမျိုးတွေကို Turning Red ဇာတ်ကားထဲမှာ အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ တရုတ်မိသားစုလေးတစ်စုအဖြစ်ပုံဖော်ရိုက်ကူးထားတာကြောင့်ပါ။ ဒီဇာတ်ကားလေးကိုကြည့်ပြီးရင် ခေတ်လူငယ်သားသမီးတွေရဲ့သဘောထားနဲ့ ခံစားမှုတွေကို မိဘတွေဘက်ကလည်း နားလည်လက်ခံပေးနိုင်သလို သားသမီးတွေကလည်း မိဘတွေရင်ထဲကမေတ္တာကိုမြင်အောင် ကြည့်တတ်လာနိုင်မယ်လို့ယုံကြည်ပါတယ်။ မေလင်းလီဟာ အသက်၁၃နှစ်အရွယ်ရှိတဲ့ကောင်မလေးတစ်ယောက်ပါ။ သူဟာမျိုးရိုးဂုဏ်သိက္ခာမညှိုးနွမ်းစေရအောင် မိခင်စိတ်ကြိုက်ဘက်စုံထူးချွန်တဲ့ ကျောင်းသူလေးတစ်ယောက်အဖြစ်ရပ်တည်နေသူပါ။ မေဟာ မိခင်သဘောကျကျောင်းမှာလည်းကျောင်းအလျောက်၊ အိမ်မှာလည်းအိမ်အလျောက် လိမ္မာတဲ့သမီးကောင်းလေးဖြစ်အောင် အစွမ်းကုန်ကြိုးစားနေပေမယ့် လူငယ်ပီပီပျော်ပါးချင်တဲ့စိတ်ကလေးလည်းရှိသလို သွက်လက်တဲ့သူငယ်ချင်းတွေနဲ့အတူ လူငယ်ကောင်လေးတွေစုစည်းထားတဲ့ဂီတအဖွဲ့ 4-Town ရဲ့အမာခံပရိသက်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ရှေးရိုးစွဲတရုတ်မိခင်ဖြစ်သူမသိအောင်တော့ဒီအကြောင်းတွေကိုဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ မေဟာထူးဆန်းစွာနဲ့ပဲ သူတို့မိသားစုရဲ့စောင့်ရှောက်သူမျိုးနွယ် ပန်ဒါဝက်ဝံနီတစ်ကောင်အဖြစ်ပြောင်းလဲသွားပါသတဲ့။ ပန်ဒါနီတစ်ကောင်ဖြစ်သွားတဲ့မေတစ်ယောက် ပြောင်းလဲသွားမှုကြီးကိုလက်မခံနိုင်စွာနဲ့ဖုံးကွယ်ဖို့ကြိုးစားရင်း ဘာတွေဖြစ်လာမလဲ...? သမီးဖြစ်သူကိုဗိုင်းကောင်းကျောက်ဖိထူးချွန်သူဖြစ်စေချင်တဲ့မိခင်နဲ့ လွတ်လပ်ချင်တဲ့အရွယ်ဆယ်ကျော်သက်သမီးဖြစ်သူတို့ ဘယ်လိုပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမလဲ…? ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။