App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ As Above, So Below လေးကိုတင်ပေးလိုက်ပါတယ်။
Harry Potter fan တွေဆို ပထမဆုံးရုပ်ရှင် Philosopher's Stone ထဲက အဂ္ဂရိတ်ဆရာ နီကိုးလပ်စ်ဖလမ်းမဲကို သိကြမှာပါ။ ဒီကားကလည်း သူ့ရဲ့မှော်ကျောက်တုံးကို ရှာတဲ့ plot ပါပဲ။ ပဲရစ်က မြေအောက်သင်္ချိုင်းမှာ လူတွေ ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်မှန်တွေကို inspired ယူပြီး ဇာတ်လမ်းဆင်ထားတာပါ။ Mystery အပြည့်နဲ့ ကြည့်ရမယ့်ကားလို့ ညွှန်းချင်ပါတယ်။
စကားလက်က အဂ္ဂရိတ်ပညာမှာ Ph.D ရထားပြီး တခြားဘွဲ့တွေပါရထားတဲ့ သူပါ။ သူ့အဖေကလည်း အဂ္ဂရိတ်ပညာလိုက်စားပြီး သူ့တစ်ဘဝလုံး မှော်ကျောက်တုံးကို ရှာရင်းကုန်ဆုံးခဲ့ပါတယ်။ သူ့အဖေဆုံးသွားပြီးတော့ စကားလက်က ဒီရှာဖွေမှုကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
ပဲရစ်မြေအောက်သင်္ချိုင်းမှာ ရှိတယ်လို့ယူဆရတဲ့ မှော်ကျောက်တုံးကို အရင်က အတူစွန့်စားခဲ့သူတွေနဲ့ ဒေသခံတွေကိုပါခေါ်ပြီး စတင်ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ မြေအောက် အနက်ကြီးထဲမှာ သဘာဝလွန်ဖြစ်ရပ်တွေ ကြုံရပြီး သူတို့အဖွဲ့သားတွေဟာ ကိုယ်စီ ငရဲနဲ့ ကြုံရပါတော့တယ်။ ခြောက်ခြားစရာကိစ္စတွေနဲ့ မှော်ကျောက်တုံးပဲ ရှာတွေ့မလား အန္တရာယ်တွေပဲ ကြုံရမလားဆိုတာ သိရဖို့ အခုပဲကြည့်လိုက်တော့နော်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်