7.2
10,739
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3 GB

Credit

500

Tai Chi Master (1993)

Action, Comedy, Drama

Credits 500

ငယ်စဉ်ကတည်းက ရှောင်လင်ဘုရားကျောင်းမှာ အတူတူကွန်ဖူးပညာသင်ရင်း ကြီးပြင်းလာကြတဲ့ ကျွင်းဘိုနဲ့ ထျန်းဘောင်... အကျင့်စရိုက်ချင်း လုံးဝမတူကြပေမဲ့ ကွန်ဖူးပညာမှာ နံပါတ်တစ်ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကတော့ တူကြပါတယ်။ ဘုရားကျောင်းရဲ့ကွန်ဖူးပြိုင်ပွဲမှာ အမှားလုပ်မိသွားပြီး နှစ်ယောက်လုံး ကျောင်းကနေ နှင်ထုတ်ခံလိုက်ရပြီးတဲ့နောက် အပြင်လောကကြီးနဲ့ထိတွေ့လိုက်တဲ့အခါ ထျန်းဘောင်ကတော့ စည်းစိမ်အာဏာတွေကိုမက်မောပြီး ရက်စက်တဲ့အာဏာရှင်လက်အောက်ကို ဝင်သွားပြီး ကျွင်းဘိုကတော့ အာဏာရှင်ကို ဆန့်ကျင်ပုန်ကန်တဲ့ အရပ်သားတွေနဲ့ ကျန်နေရစ်ခဲ့ပါတယ်။ လျှောက်တဲ့လမ်းချင်း မတူကြတော့တဲ့ သူတို့နှစ်ယောက် တတ်ထားတဲ့ကွန်ဖူးပညာတွေကို ဘယ်သူက အကျိုးရှိရှိအသုံးချပြီး ဘယ်သူကတော့ မှားယွင်းတဲ့ရည်ရွယ်ချက်တွေနဲ့ လမ်းဆုံးရောက်သွားမလဲဆိုတာကို သူငယ်ချင်းနှစ်ယောက်ရဲ့ ရည်ရွယ်ချက် စိတ်ဓာတ်တွေနဲ့ နှိုင်းယှဉ်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။