7.2
246,158
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.4 GB

Credit

500

The Descent (2005)

Adventure, Horror, Thriller

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Descent လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် Cave တွေနဲ့ ကြောက်ရတာကြိုက်တဲ့ပရိသတ်တွေအတွက် IMDB 7.2 နဲ့ Award 8 ဆုရထားတဲ့ ဒါရိုက်တာ Niel Marshell ရဲ့လက်ရာကို မိတ်ဆက်ပေးချင်ပါတယ်။ စွန့်စားခန်းတွေ ထွက်ရတာကြိုက်တဲ့ သူငယ်ချင်းတစ်စုရဲ့ လိုဏ်ဂူထဲဝင်တဲ့ ခရီးစဉ်က ခြောက်ခြားစရာဖြစ်သွားတဲ့ဇာတ်လမ်းပါ။ ဆယ်ရာတို့ သူငယ်ချင်းတွေက အမြဲတမ်း ဂူတွေထဲဝင်ကြ တောင်တက်ကြနဲ့ စွန်းစားရတာ ဝါသနာထုံ‌သူတွေပါ။ ဒါမဲ့ ခရီးစဉ်တစ်ခုမှာ ဆယ်ရာတို့မိသားစု ပြန်လာတုန်း အက်ဆီးဒင့်ဖြစ်ပြီး ဆယ်ရာရဲ့အမျိုးသားနဲ့ သမီးလေး ဆုံးသွားပါတယ်။ အဲ့တည်းက ဆယ်ရာက အိပ်မက်တွေမက်ပြီး စိတ်အခြေအနေမတည်ငြိမ်ခဲ့ပါဘူး။ အဲ့ကိစ္စဖြစ်ပြီး တစ်နှစ်အကြာမှာ သူ့သူငယ်ချင်း‌ဂျူနိုက ဆယ်ရာ့အတွက် လိုဏ်ဂူခရီးစဉ် စီစဉ်ပေးပါတယ်။ စုစုပေါင်း 6 ယောက်ထွက်ခွာလာပြီး သူတို့ဝင်မယ့်ဂူက စွန့်စားခန်းသိပ်မပါတဲ့ တိုးရစ်အသွားများတဲ့ ဂူပါပဲ။ ဒါမဲ့ ဂူထဲဝင်ပြီးမှ ထင်သလိုမဟုတ်ဘဲ ဂူမှားဝင်လာမိတဲ့အခါ...ရှေ့လျှောက်မှာဘယ်လိုကြောက်မက်ဖွယ် အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ...ဂျူနိုကရော တကယ်မသိဘဲ ခေါ်လာတာလား..အသက်လုပွဲမှာ နောက်ဆုံးဘယ်သူ ကျန်ခဲ့မလဲဆိုတာ ရှုစားပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်