5.6
44,039
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

6.6 GB

Credit

500

Night School (2018)

Comedy

Credits 500

လောကကြီးမှာ မဖြစ်နိုင်တာမရှိဘူး လက်မလျှော့ဘဲကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြသွားတဲ့ ကားကောင်းတစ်ကားပါ။ ဒီမှာ ကလေးတွေ GED စာမေးပွဲဖြေနေကြတာရှိတော့ ဒီကားက GED test ဖြေတဲ့အကြောင်းကို အဓိကရိုက်ထားတာပါ။ အထက်တန်းကျောင်းတုန်းက စာလုပ်ရတာမကြိုက်တဲ့ တက်ဒီဟာ ကျောင်းထွက်ပြီး ဘာဘီကျူးဆိုင်မှာအလုပ်လုပ်နေခဲ့ပါတယ်။ သူ့မှာချစ်သူရှိပြီး လက်ထပ်ဖို့ပါရည်ရွယ်ထားတာပါ။ သူ့ဘော့စ်ကလည်း သားလိုသဘောကျတဲ့အတွက် သူပင်စင်ယူရင် တက်ဒီကို ဆိုင်ပေးခဲ့မှာပါတဲ့။ ဒီလို သာယာနေတဲ့ တက်ဒီဘဝဟာ သူ့ပေါ့ဆမှုကြောင့် ဘာဘီကျူးဆိုင်မီးလောင်သွားတဲ့အခါ ဇောက်ထိုးဖြစ်သွားပါတယ်။ အလုပ်လုပ်ရတော့မှာမို့ တက်ဒီအလုပ်ရှာတဲ့အခါ အလုပ်တွေအများစုက အထက်တန်းစာမေးပွဲဖြစ်တဲ့။ GED ရမှ ခန့်ကြတာချည်းပါပဲ။ ဒါကြောင့် တက်ဒီသာ သူမလုပ်ချင်ဆုံးဖြစ်တဲ့ GED စာမေးပွဲဖြေဖို့ ညကျောင်းလာတက်ပါတော့တယ်။ ညကျောင်းမှာတော့ တက်ဒီလို အဖြစ်မျိုးစုံနဲ့ အရွယ်စုံကြုံရပါတယ်။ ကံဆိုးတာက သူတက်တဲ့ကျောင်းရဲ့ကျောက်းအုပ်က သူ့ရဲ့အထက်တုန်းက အနိုင်ကျင့်ခဲ့တဲ့အတန်းဖော်ဖြစ်နေတာပါ။ တက်ဒီတို့ အုပ်စု သူတို့ ဆရာမနဲ့ဘယ်လိုစခန်းသွားကြမလဲ ဘာတလွဲတွေလုပ်ကြမလဲ၊ ကျောင်းအုပ်ကရော ဘာတွေကြံဉီးမှာလဲ၊ သူတို့အုပ်စု နောက်ဆုံးမှာ GED စာမေးပွဲအောင်မှာလားဆိုတာ အားပေးလိုက်ကြပါဉီး။ ကြည့်ရတာတကယ်တန်တဲ့ ကားတစ်ကားဖြစ်မှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်