4.6
20,458
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4 GB

Credit

500

Max Steel (2016)

Action, Adventure, Fantasy

Credits 500

ကော့ပါ့ကန်ညွန်ဆိုတဲ့ အရပ်ဒေသကို မက်စ်မက်ဂရက်တို့ သားအမိ အိမ်ပြောင်းလာတယ်။ မက်စ်က အနေအေးပေမဲ့ သဘောကောင်းတယ်၊ ဖော်ရွေတယ်၊ ခင်တတ်တယ်။ ဒါပေမဲ့ မက်စ်ရဲ့အဖေ ဂျင်မက်ဂရက်ရဲ့ ဇာတ်ကြောင်းကတော့ ရှုပ်ရှုပ်ထွေးထွေးပဲ။ သူ့အဖေက သူငယ်ငယ်ကတည်းက ဆုံးသွားရှာတာ။ ဒီအကြောင်းတွေကို မက်စ်က ပြည့်ပြည့်စုံစုံသိချင်ပေမဲ့ သူ့အမေကလည်း လုံးစေ့ပတ်စေ့ ပြောမပြဘူး။ တစ်နေ့တော့ မက်စ်အဖေရဲ့ လုပ်ဖော်ကိုင်ဖက် မိုင်းစ်အက်ဒ်ဝပ်ဆိုတဲ့ လူကြီးတစ်ယောက် မက်စ်တို့အိမ်ကို ညစာလာစားတယ်။ အဲဒီလူကြီးနဲ့ သူ့အမေတို့ ပြောတဲ့စကားတွေကတဆင့် သူ့အဖေသေတာဟာ သာမန်သေဆုံးမှုသက်သက် မဟုတ်ဘူးဆိုတာကို မက်စ်ရိပ်မိသွားတယ်။ အဲဒီနောက်မှာတော့ သူ့အဖေရဲ့ လိျှု့ဝှက်နက်နဲမှုတွေဟာ မက်စ်ရဲ့ဘဝထဲကို တဖြည်းဖြည်း ဝင်ရောက်လာတယ်။ လေဆင်နှာမောင်းတစ်ခုကြောင့် ပျက်ဆီးသွားတဲ့ သိပ္ပံရှေ့ပြေးကုမ္ပဏီ အန်တက်ခ် (N-Tek)ရဲ့ အကြောင်းတွေ၊ သူ့အဖေဟာ ထူးချွန်တဲ့ သိပ္ပံပညာရှင်ဖြစ်တဲ့ အကြောင်းတွေကို မက်စ်သိလာရတယ်။ တချိန်တည်းလိုလိုမှာပဲ မက်စ်ရဲ့ခန္တာကိုယ်ထဲကနေ အမည်မဖော်နိုင်တဲ့ စွမ်းအင်တွေက နေ့စဉ်နဲ့အမျှ ထွက်လာတယ်။ ဒီစွမ်းအင်တွေကို သူထိန်းချုပ်နိုင်မှာလား။ ဒီစွမ်းအင်တွေဟာ သူ့အပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။ ဒီစွမ်းအင်တွေကြောင့် သူသေဆုံးသွားမှာလား။ မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်နေတဲ့ မက်စ်ဟာ စတီးလ်ဆိုတဲ့ စက်ရုပ်လေးတစ်ရုပ်နဲ့ ဆုံတွေ့ခဲ့တဲ့ နောက်မှာတော့ .... ဒါရိုက်တာ Stewart Hendler ရိုက်ကူးထားပြီး Ben Winchell, Josh Brener, Ana Villafañe နဲ့ Andy García တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Max Steel ဟာ IDMb Rating 4.6 ရရှိထားပြီး ကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုတွေမှာ အနုတ်လက္ခဏာပြခဲ့ပေမဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားနဲ့ စူပါဟီးရိုးရုပ်ရှင် ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကား ဖြစ်လာမှာ အသေအချာပါပဲ။ Credit Review