6.8
3,853
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.9 GB

Credit

200

Kundo: Age of the Rampant (2014)

Action, Drama

Credits 200

1862ခုနှစ်ဂျိုဆွန်းမင်းဆက်၌စီးပွားရေးနဲ့ငွေရေးကြေးရေးတွေမငြိမ်မသက်ဖြစ်ခဲ့ပြီးနိုင်လိုမင်းထက်ပြုမှုတွေလည်းအများအပြားရှိခဲ့တယ်။ အဲဒီအချိန်မှခွန်ဒိုလို့ခေါ်တဲ့ လုယက်တိုက်ခိုက်သူအုပ်စုတစ်ခုပေါ်လာခဲ့တယ်။ သူတို့ကမတရားလုပ်ပြီးချမ်းသာနေတဲ့သူတွေဆီ ဓားပြတိုက်ပြီး ဆင်းရဲသားတွေကိုပြန်မျှဝေပေးတာဖြစ်ပြီး အဲဒီအဖွဲ့က လူချမ်းသာတွေအတွက်အကြောက်တရားတစ်ခု ဖြစ်လာခဲ့တယ်။ မွေးဖွားလာတဲ့မိသားစုနောက်ခံနဲ့ လူ့တန်ဖိုးဖြတ်ကြတဲ့ခေတ်ထဲဒိုမူချီဟာ သားသတ်သမားမိသားစုမှာမွေးလာခဲ့ပြီးဂျိုယွန်းကတာ့ ချမ်းသာပြီးအင်အားကြီးမိသားစုရဲ့သွေးသားဆိုပေမယ့် တရားမဝင်သားဖြစ်နေခဲ့တယ်။ သူတို့၂ယောက် အန္တရာယ်များတဲ့အပေးအယူတစ်ခုလုပ်ခဲ့ကြပြီး ရလဒ်အနေနဲ့ဒိုမူချီကသူ့ူ့အမေနဲ့အမကိုဆုံးရှုံးလိုက်ရတယ်။ ဂျိုယွန်းရဲ့နင်းခြေခြင်းကိုလည်းခံခဲ့ရတယ်။ ခေတ်စနစ်ဆိုးကြီးကိုတွန်းလှန်ချင်တဲ့သူအချင်းချင်းဖြစ်တာလို့ဒိုမူချီကခွန်ဒိုအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးဒိုချီဆိုတဲ့ နာမည်နဲ့ပြန်လည်မွေးဖွားလာခဲ့တယ်။ဆင်းရဲသားတွေနဲ့ အကူအညီလိုနေတဲ့သူတွေအပေါ်ကျရောက်လာတဲ့ အမှောင်ထုကိုသူ့ဓားနဲ့တိုက်ထုတ်ဖယ်ရှားပေးခဲ့တယ်။ သူ့မိသားစုကိုဆုံးရှုံးသွားစေတဲ့အဓိကသူဂျိုယွန်း သူ့ရှေ့မှောက်ကိုရောက်လာခဲ့တဲ့အခါမှာတော့သူ့ရဲ့အကြီးမားဆုံးရန်သူကိုတစ်ယောက်ချင်းယှဉ်တိုက်ဖို့စိန်ခေါ်လိုက်တဲ့အခါ နောက်ဆုံးမှာဘယ်သူအောင်ပွဲဆင်မလဲဆိုတာဇာတ်ကားထဲမှာပဲပြီးဆုံးသည်အထိကြည့်ရှုပေးကြပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Xiao Xiao ဖြစ်ပါတယ်