4.4
298
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

1.9 GB

Credit

100

Ex (2021)

Drama, Horror, Mystery

Credits 100

အခုတစ်ခါတင်ဆက်ပေးမှာကတော့ Ex ဆိုတဲ့ Thriller အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဆာရှာတစ်ယောက် ကတ်တယာကို လက်မလွှတ်ချင်လွန်းလို့ ပရိုပို့စ်လုပ် လက်ထပ်ခွင့်တောင်းပြီးချိန်မှာမှ ဆယ်တန်းတုန်းက ရည်းစားဟောင်းဆီက မထင်မှတ်ဘဲ မက်ဆေ့ဝင်လာခဲ့ပါတယ်။ ခြေမငြိမ်တတ်တဲ့အကျင့်လေးရှိတဲ့ဆာရှာကြောင့်လည်း အမြဲတမ်းကတောက်ကဆဖြစ်နေရတဲ့အတွဲရယ်ပါ။ ကတ်တယာရဲ့အနီးကပ်သူငယ်ချင်းဖြစ်သူ ဇိန်းကလည်း ဆာရှာရဲ့ခြေလှမ်းပျက်တဲ့အကြောင်းတွေကို တစ်နေ့တစ်မျိုးမရိုးရအောင် သူငယ်ချင်းဖြစ်သူကို သတင်းပို့လေ့ရှိပါတယ်။ စီးပွားရေးကြောင့်ရော မင်္ဂလာပွဲကြောင့်ရော ဆာရှာရဲ့သတင်းတွေကြောင့်ရော စိတ်ပင်ပန်းစရာတွေအားလုံးဖိစီးပြီး ကတ်တယာတစ်ယောက် nervous breakdown ဖြစ်ပြီး ဆေးရုံပါရောက်ရပါတော့တယ်။ ဆေးရုံရောက်ရတဲ့အကြောင်းက တကယ်ပဲ စိတ်ဖိစီးမှုဖြစ်သွားကြောင့်လား။ ဆာရှာမကောင်းကြောင်းပဲ သတင်းပို့တတ်တဲ့ ဇိန်းကရော သူငယ်ချင်းအစစ်ဟုတ်ရဲ့လား။ လက်ထပ်ခါနီးမှ ရုတ်တရက်ပေါ်လာတဲ့ရည်းစားဟောင်းကရော ဘာဇာတ်ကြောင်းတွေရှိနေခဲ့လဲ။ အဲဒီလိုဇာတ်ကွက်တွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ NaNa ဖြစ်ပါတယ်