5.7
128,988
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Neighbors 2: Sorority Rising (2016)

Comedy

Credits 200

ဒီတစ်ခေါက်က Neighboes1 ကရှိပြီးသားမို့လို့ မရှိသေးတယ့်2 ကိုရွှေးချယ်ပေးထားပါတယ်။ ဒီဇာတ်ကားရဲ့အကြောင်းကိုနည်းနည်းလေးကြည့်လိုက်ရအောင် IMDb Rating 5.2 ၊Rotten Tomatoes 62% ၊Roger Ebert 1.5/4တို့ရရှိထားပါတယ်။၂၀၁၆ မေလ မှာစတင် ဖြည့်ချီခဲ့ပြီး တစ်ကားလုံး ကြာချိန် ၉၃ မိနစ်ရှိပါတယ်။Budget မှာကန်ဒေါ်လာ 35 မီလီယံနဲ့စတင်ရိုက်ကူးထားပြီး Box office မှာ ကန် ဒေါ်လာ 108 သန်းပြန်ရှာပေးနိုင်ခဲ့ပါတယ်။အဓီကသရုပ်ဆောင်တွေ မှာဆို ဆယ်ကျော်သက်တွေကြားမှာရေပန်းစားခဲ့ပြီး ဆက်လက်အောင်မြင် နေဆဲဖြစ်တယ့် မင်းသား Zac Efron နဲ့လူငယ်မင်းသမီး Chloe Grace Moretz တို့အဓီကပါဝင်သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင် အနေနဲ့ ဆယ်လီနာဂိုလ်မက်စ် ကလဲ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Universial Picturesကထုတ်လုပ်ထားလို့အရည်အသွေးတစ်ခုတော့ရှိနေပါတယ်။ရှပ်ရှင်ဇာတ်ကားနဲ့ပက်သက်ပြီးတော့ တစ်ခြား ဆုပေးပွဲတွေမှာဇကာတင်သာပါခဲ့ပေမယ့် Teen Choice Awards မှာ တော့ Zac Efron ရော Chloe Grace Moretzရော နှစ်ယောက်လုံး Teem Choice Awards ဆုတွေရခဲ့ကြပါတယ်။ ဒီဇာတ်ကားရဲ့Terget ကလဲ လူငယ်တွေ ကို အဓီကဦးတည်ထားပြီး လူငယ်ကြိုက်ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။့ဒီဇာတ်ကားက လူငယ်ကြိုက် ဟာသဇာတ်ကားဖြစ်နေ တာကလဲ လူငယ်တွေ ကြားမှာဖြစ်လေ့ဖြစ်ထရှိတယ့် အကြောင်းအရာတွေ ကိုအဓီကရိုက်ကူးထားလို့ဘဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မတူညီတယ့်အသက်အရွှယ်နှစ်ခု အကြားကွာဟ မှု နဲ့ သူငယ်ချင်း ဆိုတာ ဘာအဓိပ္ပယ်လဲ ဆိုတာအဓီက ရည်ရွှယ်ထားပါတယ်။ တက္ကသိုလ်ဆိုတာ လူ့ဘဝရဲ့ပျော်စရာအကောင်းဆုံး နေရာဆိုတာဖြစ်တယ် ဆိုတာအပြင် လူငယ်တွေ ရဲ့သဘာဝကိုပါ တွေ့ရမှာပါ။ အနောက်နိုင်ငံတွေရဲ့ဆယ်ကျော်သက်တွေ တက္ကသိုလ် ဓလေ့ နဲ့သူတို့ ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် နဲ့လုပ်ဆောင်တက်တယ့် စရိုက်လေးတွေကိုပါတွေ့ရပါတယ်။နောက်တစ်မျိုးရလိုက်တယ့် အချက်လေးကမိဘတွေ က သူတို့သာသမီးတွေ နဲ့တစ်သက်လုံးတူတူနေချင် ကြပေမယ့် အချိန်တန်အရွှယ်ရောက်လာရင် လူ့သဘာဝလုပ်ရိုးလုပ်စဉ်တွေ ကို အသီးသီလုပ်ဆောင်သွားကြတယ့်အခါ ခံစားရတယ့် သူတို့ရဲ့ခံစားချက်ကို ပါ ဟာသအမြင်လေးနဲ့ထည့်သွင်းထားပါတယ်။အသက်ငယ်တုန်းသာ သူတို့လေးတွေက မိဘတွေစိတ်ကြိုက်လုပ်ဆောင်ခိုင်းလို့ရပေမယ့် အရွှယ်ရောက်လာတာနဲ့မိဘက ဘာမှပြောပြောနားဝင်မှာမဟုတ်တော့ဘူး ဆိုတယ့်စကားကသေချာတွေးကြည့်ရင် နှစ်ဖက်လုံးက မှန်ပါတယ်။မိဘတွေ က သူတို့အတွေ့အကြုံအရ ပိုကောင်းမယ်ထင်တယ့် လမ်းကို ရွှေးပေးလေ့ရှိပြီး လူငယ်တွေ က လောကကြီး ကို စတင်ထိတွေ ပြီး ခေတ်နဲ့အညီလိုက်ပါလုပ်တောင်နေပြီး အရာရာကိုတွေး ခေါ်ပုံတွေ ကို က မတူညီကြပါဘူး ၊ဒီလိုနှစ်ခု ထိပ်တိုက်တွေ့ရင် ပြသနာက ကြီးလဲကြီးမားနိုင်သလို ၊အဆင်ပြေသွားနိုင်တာလဲ ရှိပါတယ်။ဒီ လူ့သဘာဝစရိုက်တွေ နဲ့ လူငယ်ဘ၀ ဘယ်လောက်ပျော်ရွှင်စရာကောင်းလဲ ဆိုတာကို ဒီကားထဲမှာအပြည့်အ၀ တွေ့ရမှာပါ။ဒီဇာတ်ကားထဲမှာ 18+ ဆန်တယ့် စကားတွေ နဲ့ပြကွက် အနည်းငယ်ပါဝင်ပါတယ် ၊သေးသေးလေးပါ။ ဟာသကားဆိုတာကို စွဲစွဲမြဲမြဲကြည့်တက် တယ့် သူတွေ နဲ့ လူငယ်တွေ အတွက် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးဖြစ်ပါတယ်။