အနာဂါတ်ခေတ်ကာလတစ်ခုမှာ အမျိုးသမီးတစ်ယောက်ဟာ လူတွေဖန်တီးထားတဲ့ စက်ရုပ်အခွံကိုယ်ထည်ထဲကနေ နိုးထလာပါတယ်။ သူဘယ်သူလဲ ဘာကြောင့်ဒီကိုရောက်နေလဲဆိုတာကိုတော့ အတိအကျမသိခဲ့ပါဘူး။ သူ့မှာရှိတာဆိုလို့ အကြမ်းဖက်တွေကိုရှင်းလင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ထည့်ပေးထားတဲ့ မှတ်ဉာဏ်အတုအယောင်ပဲရှိပါတယ်။ အဲ့မှတ်ဉာဏ်အတုတွေနဲ့ပဲ ရှင်သန်နေထိုင်ပြီး ဟန်ကာစက်ရုပ်ကုမ္ပဏီရဲ့ တပ်ဖွဲ့ခွဲတစ်ခုဖြစ်တဲ့ တပ်ဖွဲ့-၉မှာ အကြမ်းဖက်သမားတွေကို ရှင်းလင်းပြီးနေထိုင်ပါတော့တယ်။ ဒီလိုနဲ့ပဲတစ်နေ့မှာ ဟန်ကာအကြီးအကဲတွေ သိပ္ပံပညာရှင်တွေ ဆက်တိုက်လုပ်ကြံခံရပြီး ဘယ်သူကလုပ်တာလဲနဲ့ ဘာလို့လုပ်တာလဲဆိုတာကိုစုံစမ်းကြပါတော့တယ်။ အဲ့လိုကတစ်ဆင့် ကူဇေးဆိုတဲ့ အကြမ်းဖက်သမားဟာ ဘယ်သူလဲ ဘာကြောင့်ဒီလိုတွေလုပ်ခဲ့ရလဲဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့ သူ့လိုမျိုးစက်ရုပ်ကိုယ်ထည်တစ်ခုထဲကို လူသားတစ်ယောက်ရဲ့စိတ်ကိုထည့်သွင်းနိုင်ဖို့ အရင်တုန်းကဘာတွေပေးဆပ်ခဲ့ရလဲဆိုတာကို သိသွားတဲ့အချိန်မှာ သူမ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ရှူခံစားပေးကြပါအုံး....
ဒီဇာတ်လမ်းလေးဟာ ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost In The Shell ဆိုတဲ့ Japan Anime ကို Live Actionအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ innocentsheep ဖြစ်ပါတယ်