8.0
248,336
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.3 GB

Credit

200

Lion (2016)

Biography, Drama

Credits 200

Saroo ဆိုတဲ့ လူငယ်လေးဟာ သူ့အမေ,သူ့အကို တို့နဲ့အတူ အိန္ဒိယနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်ပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ကျောက်မီးသွေးရထားပေါ်က ကျောက်မီးသွေးခဲတွေကို ခိုးယူပီး ပြန်ရောင်းစားတဲ့ အလုပ်ကို လုပ်ကြပါတယ်။ မိခင်ကတော့ ကျောက်တောင်တစ်ခုမှာ ကျောက်ခဲ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ Saroo တို့ညီအကို နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအကိုတွေပါ။ တစ်ရက်မှာတော့ သူ့အကို ညပိုင်းလုပ်တဲ့ အလုပ်ဆီ Saroo ကလိုက်သွားခဲ့ပါတယ်။ အလုပ်ကိုရောက်ဖို့ ရထားတဆင့်စီးရပါတယ်။ ဘူတာရုံရောက်တော့ Saroo အရမ်းအိပ်ချင်နေတဲ့အတွက် သူ့အကိုက ခုံတန်းလေးပေါ်မှာ သူ့ညီကိုထားခဲ့ပီး အလုပ်သွားလုပ်ခဲ့ပါတယ်။ Saroo နိုးလာတဲ့ အချိန်မှာတော့ ဘူတာရုံထဲမှာ သူတစ်ယောက်ထဲရှိနေတာ သိလိုက်ရပီး သူ့အကို ကိုလိုက်ရှာပါတယ်။ အကို ကိုရှာရင်းနဲ့ ရထားတွဲတစ်တွဲပေါ်မှာ Saroo ဝင်ထိုင်ရင်း အိပ်ပျော်သွားပြန်ပါတယ်။ ဒီတစ်ခါ နိုးလာတဲ့အခါမှာတော့ သူအိပ်နေတဲ့ ရထားကြီးက တခြားတစ်နေရာဆီ ခုတ်မောင်းသွားနေပါဘီ။ ရထားပေါ်က ဆင်းဖို့ ကြိုးစားပေမဲ့ ရထားပေါ်မှာ လူတစ်ယောက်မှ မပါဘဲ တံခါးတွေကလည်း ဖွင့်လို့မရခဲ့ပါဘူး။ ရထားရပ်လို့ ရထားတံခါးကြီး ဖွင့်သွားတဲ့အခါမှာတော့ Saroo တစ်ယောက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bengal ပြည်နယ် ရဲ့ မြို့တော် Calcutta ကို ရောက်သွားပါတယ်။ မြို့ထဲ တစ်ယောက်ထဲ လျှောက်သွားနေရင်း ကလေးဖမ်းတဲ့သူတွေ နဲ့တွေ့လို့ ပြေးခဲ့ရပါသေးတယ်။ Noor ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လမ်းမှာ တွေပီး သူမအိမ်ကို လိုက်သွားပါတယ်။ အစကတော့ ဖော်ရွေသလိုရှိပေမဲ့ ကလေးရောင်းဖို့ကြံစဉ်တာကို Saroo က ရိတ်မိပီး ထွက်ပြေးခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ လမ်းပေါ်မှာနေရင်းကနေ ရဲစခန်းကတွေ့ပီး မိဘမဲ့ဂေဟာ ကိုပို့လိုက်ပါတယ်။ သုံးလလောက်အကြာမှာတော့ Mrs.Sood ဆိုတဲ့ အမျိုးသမီးက Saroo နဲ့တွေ့ပီး သူတို့ သတင်းစာထဲမှာ လူပျောက်ကြေငြာခဲ့ပေမဲ့ တစ်ယောက်မှ အကြောင်းမပြန်ခဲ့ကြောင်း, Australia လူမျိုး လင်မယားက Saroo ကိုမွေးစားချင်နေကြောင်း ပြောပြခဲ့ပါတယ်။ မကြာခင်မှာဘဲ Australia နိုင်ငံကို Saroo ရောက်လာပီး မွေးစား အဖေ နဲ့ အမေ ဖြစ်တဲ့ Sue နဲ့ John ကိုတွေ့ခဲ့ပါတယ်။ Saroo ကိုမွေးစားပီး သိပ်မကြာခင်မှာ Mantosh ဆိုတဲ့ ကလေးတစ်ယောက်ကို ထပ်မွေးစားပါတယ်။ Mantosh က သာမန်ကလေးတွေနဲ့မတူဘဲ စိတ်တိုရင် မိမိကိုယ်ကိုနာကျင်အောင်လုပ်တတ်တဲ့ မွေးရာပါ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါရှိသူပါ။ Saroo ရဲ့ မွေးစားမိဘ တွေဟာ သူတို့ နှစ်ယောက်အပေါ် သိပ်ကောင်းခဲ့ကြတာပါ။ နှစ်ပေါင်း ၂၀ အကြာမှာတော့ Saroo က မဲဘုန်းလ်မြို့မှာ Hotel Management သင်တန်းတက်ဖို့ ထွက်လာခဲ့ပါတယ်။ Lucy ဆိုတဲ့ အမေရိကန်သူလေးနဲ့ သင်တန်းမှာတွေ့ပီး ချစ်ကြိုက်သွားကြပါတယ်။ တစ်ရက်မှာတော့ သူငယ်ချင်းအိမ်မှာ ညစာစားရင်း သူ ငယ်စဉ်က အရမ်းစားချ င်ခဲ့တဲ့ Jalebi (ဂျလေဘီ) မုန့်ကိုတွေ့ရာကနေ ငယ်ဘဝကို ပြန်အမှတ်ရသွားပါတယ်။ သူ့ဘဝ အကြောင်းကို သူငယ်ချင်းတွေနဲ့ ပြောဖြစ်ရာကနေ သူငယ်ချင်းတစ်ယောက်က Google Earth ကနေ သ့ူ့အိမ်ကို ပြန်ရှာပါ့လားဆိုပီး အကြံပေးလိုက်ပါတယ်။ ထိုအချိန်ကစလို့ မိသားစုကို ပြန်တွေ့ချင်တဲ့စိတ်တွေ Saroo မှာ စွဲကပ်လာပီး Google Earth ကိုသုံးကာ ရှာပုံတော်ဖွင့်ပါတော့တယ်…