4.4
30,568
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.2 GB

Credit

500

Cell (2016)

Action, Adventure, Horror

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Cell လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇွန်ဘီတွေလိုကမ္ဘာပျက်ကပ်ကားတွေကိုမှခပ်ဆန်းဆန်းလေးကြည့်ချင်တဲ့လူတွေအတွက် Cell လို့ခေါ်တဲ့ ၂၀၁၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဂန္တဝင်သရုပ်ဆောင်မားသားဖားကား Samuel L.Jackson နဲ့ Nicholas Cage နဲ့ခပ်ဆင်ဆင်မင်းသားကြီး John Cusack တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကိုတစ်ကြောင်းတည်းနဲ့ပြောရရင်တော့အဲ့ဒီဇာတ်ကားထဲကအတိုင်းတကယ်သာဖြစ်လာရင်အခုခေတ်မှာအကုန်သေကုန်မှာပါပဲ။ဘာလို့လဲဆိုတော့ဒီကားထဲမှာလူတိုင်းကိုဇွန်ဘီးတွေလိုဖြစ်သွားစေတဲ့အကြောင်းအရာရဲ့အစကလက်ကိုင်ဖုန်းတွေကြောင့်မလို့ပါပဲ။လက်ကိုင်ဖုန်းကိုမှလက်ထဲမှာကိုင်ထားရုံနဲ့တင်တန်းမပြောင်းလဲသွားပဲနဲ့ဖုန်းကောက်ဆက်လိုက်မှပါးစပ်မှာအမြှုပ်တွေထပြီးအသိစိတ်ပျောက်သွားပြီးရိုင်းစိုင်းတဲ့လူသားတစ်ယောက်ဖြစ်လာမျိုးပါ။ကံကောင်းချင်တော့မင်းသားဖြစ်တဲ့ခလေးကလေဆိပ်မှာသူ့မိန်းမနဲ့သားနဲ့ဖုန်းပြောနေတုန်းဖုန်းဘက်ထရီကုန်သွားတဲ့အတွက်စစချင်းပြောင်းလဲတဲ့လူတွေထဲမှာတော့မပါသွားခဲ့ပါဘူး။ဒီလိုနဲ့ပြောင်းလဲသွားတဲ့လူတွေကိုရှောင်ရင်းတိမ်းရင်းသူ့မိန်းမနဲ့သားဆီသွားဖို့ကြိုးစားနေတုန်းမားသားဖားကားကြီးနဲ့တွေ့ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်အဖွဲ့ကျသွားပြီးကမ္ဘာပျက်ကြီးထဲမှာရှေ့ဆက်ဘာတွေလုပ်ကြမယ်ဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်