6.6
141,612
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

8MM (1999)

Crime, Drama, Mystery

Credits 200

မင်းသားကြီး Nicolas Cage ပုဂ္ဂလိကစုံထောက်တွမ်ဝဲလ်စ်အဖြစ် ပါဝင်ထားတဲ့ မှုခင်းကားဖြစ်ပါတယ်။ တွမ်မှာ ဇနီးနဲ့သမီးလေးရှိပြီး စုံထောက်အလုပ်နဲ့ ပျော်ရွှင်ဖွယ်ဘ၀ကို ပိုင်ဆိုင်ထားပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ အိမ်တော်က မစ်စ်ခရစ်ရှန်က သူ့ခင်ပွန်းဆုံးသွားပြီးတော့ လျှို့ဝှက်ပစ္စည်းတွေ ရှာကြည့်ရာကနေ ကြောက်စရာ snuff film ကားတစ်ကားကို ကြည့်မိသွားပါတယ်။ ရုပ်ရှင်က မိန်းကလေးတစ်ယောက်ကို ရက်ရက်စက်စက်လှီးဖြတ်သတ်ပစ်တဲ့ sex tape လိုကားပါ။ ဇာတ်ကားက အရမ်းလက်တွေ့မှာဖြစ်နေသလိုခံစားရတဲ့အတွက် ဒီရုပ်ရှင်က အပြင်မှာဖြစ်ခဲ့တာ ဟုတ်မဟုတ် တွမ်ကို စုံထောက်ခိုင်းဖို့ ငှားလိုက်တဲ့အခါ.... ရုပ်ရှင်ထဲက မိန်းကလေး ဘယ်သူလဲ ဆိုတာသိရဖို့ ပျောက်သွားတဲ့မိန်းကလေးတွေ စုံစမ်းရင်း ရုပ်ရှင်ရိုက်ခဲ့တဲ့သူတွေ အထဲမှာပါတဲ့သူတွေကိုပါ သိရဖို့ Porn လောကထဲ snuff film လောကထဲ ၀င်စုံစမ်းရတဲ့အခါ.... ဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့သူတွေ က ဘယ်သူ‌တွေလဲ သေသွားတဲ့ မစ်စတာခရစ်ရှန်က ဒီရုပ်ရှင်နဲ့ ဘယ်လိုပတ်သက်နေတာလဲ...သေသွားတဲ့မိန်းကလေးအတွက် တရားမျှတမှုပြန်ယူပေးနိုင်ပါ့မလားဆိုတာ... လိင်စိတ်ပြင်းပြတဲ့ လူယုတ်မာနှာဘူးတွေရဲ့ ထူးထူးဆန်းဆန်းအာသာဖြေပုံတွေကို စက်ဆုပ်ဖွယ် သိရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။