ဒီတစ်ခါမိတ်ဆက်ပေးမယ့် သရဲကားမှာတော့ သရဲက အမျိုးသားသရဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းမှာ မာနီရဲ့ ခင်ပွန်းမိုက်က ရဲအရာရှိတစ်ယောက်ဖြစ်ပြီး မာနီကို အမြဲ နှိပ်စက်ညှင်းပန်းတဲ့အတွက် တစ်နေ့မှာ မာနီက သည်းမခံနိုင်တော့ဘဲ သတ်ပစ်လိုက်ပါတယ်။
မာနီက အရင် ရဲစခန်းကို တိုင်ကြားစာတွေပို့ပေမယ့် မိုက်ရဲ့ ပါတနာတွေက အလေးမထားခဲ့ကြပါဘူး။ ဒီလိုနဲ့ မာနီက အပြစ်ဒဏ်ကျန်တဲ့တစ်နှစ်ကို နေအိမ်မှာပဲ လျှပ်စစ်ခြေကျင်းနဲ့ အကျယ်ချုပ်သဘောမျိုး အပြစ်ခံယူဖို့ လွတ်လာပါတယ်။
မိုက်နဲ့အတူနေခဲ့တဲ့ အိမ်ကို ပြန်ရောက်ပြီးနောက်ပိုင်းမှာ မိုက်က မကျွတ်မလွတ်ဘဲ သရဲဘ၀နဲ့ မာနီကို ခြောက်လှန့်နေခဲ့ပါတယ်။ မာနီရဲ့ခြေကျင်းကလည်း ပေတစ်ရာပတ်လည်ပဲသွားလို့ရတဲ့အတွက် deli နဲ့သာအုပ်တွေမှာပြီး သရဲနှင်ဖို့ မျိုးစုံကြိုးစားခဲ့ပေမယ့် မအောင်မြင်ပါဘူး။ မိုက်ရဲ့ပါတနာ ရှန့်စ်ကလည်း မာနီကို မသင်္ကာတဲ့အတွက် အနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။
နောက်ဆုံး မိုက် သရဲဖြစ်နေတာကို ရှန့်စ်ပါသိသွားပြီး ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ မိုက်ပဲ ကျွတ်လွတ်သွားမလား မာနီပဲ သားကောင်ဖြစ်သွားမလားဆိုတာ....
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်