6.0
6,595
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

5.5 GB

Credit

200

Cosmos (2019)

Adventure, Mystery, Sci-Fi

Credits 200

အာကာသစကြဝဠာအကြောင်းကိုလေ့လာရတာ ကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက် Cosmos(2019)ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါမယ် ဇာတ်ကားတစ်ကားလုံးမှ လူလေးယောက်တည်းနဲ့ပြီးသွားတဲ့ကားလေး…. သူတို့က မိုက်ခ်၊ ရွိုင်း၊ ဟယ်ရီနဲ့ ဒေ့ဗ် တို့ပဲဖြစ်ပါတယ် အာကာသထဲကအရာတွေကိုလေ့လာဖို့ရာအတွက် ကျွမ်းကျင်မှုကိုယ်စီ ပစ္စည်းကိရိယာကိုယ်စီနဲ့ မိုက်ခ်၊ ရွိုင်းနဲ့ ဟယ်ရီတို့ ကွင်းပြင်ကြီးတစ်ခုဆီသို့ ကားတစ်စီးနဲ့ အတူတူထွက်လာခဲ့ပါတယ်…. အဲ့ဒီအချိန်မှာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုနဲ့ကြုံတွေ့ရပါတော့တယ်…. သူတို့ဘာတွေကြုံတွေ့ရတာလဲ…. သူတို့လေးယောက်ရဲ့အတိတ်က ဆက်စပ်မှုကဘာလဲ.… အာကာသအကြောင်းလေ့လာရင်းနဲ့ ဘာကိုရှာဖွေတွေ့ရှိသွားမလဲ.… ထိုရှာဖွေတွေ့ရှိသွားတဲ့အရာကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာတွေကို စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လုပ်ဖော်ကိုင်ဖက်အစစ်အမှန် သူငယ်ချင်းအစစ်အမှန်ဆိုတာဘာလဲဆိုတာကို ပါးပါးလေးရိုက်ထည့်ပြသွားပါတယ် IMDb ratingကတော့ 5.8/10ပဲရခဲ့ပေမဲ့ ကျွန်တော်ကတော့ 8.5/10ထိပေးချင်လောက်အောင်ကြိုက်ပါတယ် User Reviewတွေအရလဲ တော်တော်ကိုကောင်းတာ‌မို့ ကြည့်သင့်တယ်လို့ပဲညွှန်းပါရစေ.… (ဘာသာပြန်နှင့်အညွှန်းကတော့ MinnMyoKhantပါ)