5.9
8,802
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

Wolf Warrior 2 (2017)

Action, Adventure, Drama

Credits 200

ဒီကားလေးကတော့ ၂၀၁၅ခုနှစ်ထွက် ရဲ့ နောက်ဆက်တွဲအက်ရှင်ကားလေးဖြစ်ပါတယ်။ အပတ်အခတ်အခန်းတွေအများကြီးပါပြီး IMDBကတော့ 6အထိ ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လန်ဖန်းဟာ ဝံပုလွေစစ်သည်တော်များတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ရဲ့ အရိုးပြာကို သူ့အိမ်ကိုသွားပို့ပေးတဲ့အချိန် အဲဒီကျဆုံးစစ်သည်ရဲ့အိမ်ကို ဖြိုချဖို့လုပ်နေတာ တွေ့လိုက်ရပါတယ်။ လန်ဖန်းလည်း စိတ်မထိန်းနိုင်ဘဲ အိမ်ခြံမြေသူဌေးကို ကိုယ်ထိလက်ရောက်လုပ်မိတဲ့အခါ အရေးယူခံလိုက်ရပြီး ဝံပုလွေစစ်သည်တော်များတပ်ဖွဲ့ကနေလည်း အထုတ်ခံလိုက်ရပါတယ်။ အဖွဲ့ကနေ ထွက်လိုက်ရတဲ့ လန်ဖန်းဟာ အာဖရိကကုန်တင်သင်္ဘောရဲ့ လုံခြုံရေးပေးတဲ့ ကြေးစားစစ်သားအဖြစ် အလုပ်လုပ်နေပါတယ်။ သူ့မှာ တွန်ဒူဆိုတဲ့ မွေးစားသားတစ်ယောက်လည်းရှိပါသေးတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ တပ်ဖွဲ့မှူးဖြစ်ခဲ့ဖူးတဲ့ လုံရှောင်ယွင်း သေဆုံးသွားတဲ့သတင်းကိုကြားပြီး သူ့ကိုသတ်လိုက်တဲ့ ကျည်ဆံရဲ့ပိုင်ရှင်ကို လိုက်ရှာနေပါသေးတယ်။ အဲဒီလိုနဲ့ အာဖရိကမှာနေရင်း အာဖရိကသူပုန်တွေ ထကြွလာတာနဲ့ တိုးပါတော့တယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ အာဖရိကကနေ ထွက်ခွာဖို့ တရုတ်အစိုးရက တရုတ်နိုင်ငံသားတွေကို လာခေါ်တဲ့အခါ လန်ဖန်းက သူ့မွေးစားသား တွန်ဒူကိုလည်း ခေါ်သွားပါတယ်။ ဒါပေမဲ့ တွန်ဒူက အမေနဲ့တွေ့ချင်တယ်ချည်းပဲ ပြောနေတဲ့အခါ လန်ဖန်ကလည်း သူ့အမေကို ရှာပေးဖို့အပြင် ဒေါက်တာချန်ဆိုတဲ့ ဆရာဝန်ကိုပါ ခေါ်လာခဲ့ဖို့တာဝန်အပေးခံရပြီး အာဖရိကကို ပြန်လာပါတော့တယ်။ ဒေါက်တာချန်က ဘယ်သူမို့လို့ ဒီလောက် အပူတပြင်းလိုက်ရှာနေရတာလဲ၊ စစ်ဖြစ်နေတဲ့အပြင် ရောဂါပိုးတွေပါ ကူးစက်နေတဲ့ကြားထဲက လန်ဖန်းက သူ့ရဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ပါ့မလားဆိုတာကိုတော့ ဒီကားလေးမှာ ဆက်လက်ရှုစားပေးကြပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်