6.4
529,736
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.5 GB

Credit

200

Lucy (2014)

Action, Sci-Fi, Thriller

Credits 200

လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီး ခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြု စာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာ သူတို့ဦးနှောက်ရဲ့ ၁၀%ကိုသာ အသုံးပြုနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀%ကို အသုံးပြုနိုင်သူတွေဟာ လင်းပိုင်တွေဖြစ်ပြီး ဆိုနာလှိုင်းတွေကို အသုံးပြုရင်း တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ မေးခွန်းက ဒီ့ထက်ပို အသုံးပြုခဲ့ရင်၊ အဆုံးစွန်ဆုံး ၁၀၀% အသုံးပြုခဲ့ရင် ဘာဖြစ်မလဲ ဆိုတာပါပဲ။ လူစီရဲ့ ခန္ဓာကိုယ်ထဲက CPH4 တွေဟာ ဦးနှောက်နဲ့ အာရုံကြောတွေကို အလွန်အကြူး လှုံ့ဆော်လာတဲ့အခါမှာ သာမန်ထက်ပိုထက် စွမ်းအားတွေ ရလာခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးထားတဲ့ လူတွေလက်ထဲကနေ ထွက်ပြေးပြီးနောက် ဆေးရုံကိုသွားပြီး ဗိုက်ထဲက အိတ်ကို ပြန်လည်ထုတ်ယူလိုက်ပါတယ်။ နောက်မှာတော့ Lucy ဟာ သူ့ရဲ့ အခြေအနေကို ရိပ်စားမိသွားပြီး အကယ်၍ ဆေးထုပ်တွေ အကုန်လုံးသား မရခဲ့ရင် ဆဲလ်ကွဲပွားမှုကြောင့် သူသေသွားနိုင်ကြောင်း သိသွားပါတယ်။ ဒါကြောင့် ကိုရီယားလူဆိုးဂိုဏ်းခေါင်းဆောင် ရှိတဲ့ ဟိုတယ်ကိုသွားပြီး ဆေးထုပ်တွေကို ဘယ်လမ်းကြောင်းကနေ ဖြန့်သလဲဆိုတာ စုံစမ်းပါတယ်။ ဆေးထုပ်တွေ ဘယ်ရောက်သွားလဲဆိုတာ သိသွားပြီးနောက်မှာတော့ လူစီဟာ ပရော်ဖက်ဆာ နော်မန်ဆီ ဆက်သွယ်ပါတော့တယ်။ သူမတူတဲ့ စွမ်းအားတွေကို အစမ်းသဘောပြပြီးနောက်မှာတော့ ပရော်ဖက်ဆာက သူနဲ့တွေ့ဖို့ သဘောတူလိုက်ပါတယ်။ အဲဒီနောက်မှာတော့ လူစီဟာ ထိုင်ဝမ်ကနေ ပြင်သစ်ကို ခရီးဆက်ပါတယ်။ ပြင်သစ်က ရဲတစ်ယောက်ဖြစ်တဲ့ Pierre Del Rio ဟာ CPH4 နဲ့ ပတ်သက်တဲ့ သတင်းကို လူစီထံကနေ လက်ခံရရှိပါတယ်။ ထူးခြားတဲ့ လူစီရဲ့ ပြောကြားချက်တွေကြောင့် Del Rio ဟာ လူစီပြောတဲ့အတိုင်း လူဆိုးတွေကို ဖမ်းဆီးနိုင်လိုက်ပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်မှာ လူစီဟာ ဆဲလ်ကွဲပွားမှု အလွန်အကျူး ဖြစ်လာပြီး သတိလစ်သွားတာကြောင့် Del Rio က လာဖမ်းပါတယ်။ ဒါပေမယ့် လာဖမ်းတဲ့ရဲတွေကို လူစီက အလွယ်တကူပဲ နှိမ်နင်းလိုက်ပြီး သူ့ကို ကူညီဖို့ Del Rio ကို ပြောပါတယ်။ မငြင်းနိုင်တဲ့ Del Rio ဟာ လူစီခေါ်ဆောင်ရာ ပါသွားပါတယ်။ လူစီနဲ့ ကိုရီးယား ဂိုဏ်းတို့ ဘယ်လို အားပြိုင်ကြမလဲ။ ပရော်ဖက်ဆာကရော သူ့ကို ဘယ်လို ကူညီမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါကုန်။