ငယ်ငယ်က အနိုင်ကျင့်ခံခဲ့ရတဲ့ ဂျော်ဒန်ဆန်းဒါးစ် ကြီးလာတော့ ဒိတ်ဒိတ်ကျဲလုပ်ငန်းရှင်ကြီးဖြစ်လာပေမယ့်အရာရာကိုဇီဇာကြောင် ကိုယ့်စကားနွားရပြော ဘေးပတ်ဝန်းကျင်ကလူမှန်သမျှကို ပြသနာပတ်ရှာနေတဲ့ လူ့ဂွစာအပျိုကြီးအချစ်ဆိုတာကို အယုံအကြည်မရှိတော့လို့ ရည်းစားထားပေမယ့် အတည်မတွဲချင်သူ…
အေပရယ်ဝီလီယမ်ကတော့ သူ့လက်ထောက်..သူခိုင်းသမျှလုပ် သူဆူပူသောင်းကျန်းသမျှခံပြီး အလုပ်ခွင်မှာ တက်လမ်းကိုမြင်နေရပေမယ့် အခွင့်အရေးမရရှာသူ…
တစ်စုံတစ်ရာကြောင့် တစ်နေ့မှာတော့ ဂျော်ဒန်တစ်ယောက် မြီးကောင်ပေါက် ၁၃ နှစ်သမီးအရွယ်အဖြစ်နိုးထလာခဲ့အခါ…
ပေါ့ပေါ့ပါးပါးနဲ့ကြည့်ပျော်တဲ့ဇာတ်ကားလေးဖြစ်ပြီး ဂျော်ဒန့်ငယ်ဘဝကို သရုပ်ဆောင်တဲ့ကလေးသရုပ်ဆောင်လေးက အတော်ပီပြင်ပြီးတစ်ဇာတ်လုံးကိုဆွဲခေါ်သွားတာမို့ ရယ်မောချင်သူတွေအတွက် လက်တို့လိုက်ပါတယ်