6.9
316,588
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.3 GB

Credit

200

Con Air (1997)

Action, Crime, Thriller

Credits 200

ကိုယ်ဝန်ဆောင်ဇနီးသည်ကို ကာကွယ်ပေးရာကနေ မထင်မှတ်ဘဲ လူသတ်မှုကျူးလွန်မိသွားတဲ့ အမေရိကန်ရိန်ဂျာတပ်ဖွဲ့ဝင်ကမ်မရွန်ပိုး... သမီးလေးမွေးလာတဲ့အချိန် အနားမှာရှိမနေပေးနိုင်ဘဲ အကျဉ်းသားအဖြစ်နဲ့ ထောင်ထဲမှာနေခဲ့ရတဲ့နောက်ဆုံးမှာ ခံဝန်နဲ့လွတ်မြောက်ခွင့်ရမဲ့နေ့ကို ရောက်လာပါတယ်။ သူအိမ်ပြန်ရမဲ့နေ့မှာပဲ ရာဇသတ်ကြီးကျူးလွန်ခဲ့ကြတဲ့အကျဉ်းသားတွေကို လေယာဉ်နဲ့ထောင်ရွှေ့ကြမဲ့အစီအစဉ်ကလည်း ရှိနေပါတယ်။ လုံခြုံရေးအပြည့်နဲ့ အကျဉ်းသားတွေကိုတင်ဆောင်လာမဲ့လေယာဉ်မှာ ကမ်မရွန်ပိုးလည်း လိုက်ပါလာရပါတယ်။ ဒါပေမဲ့ အိမ်ပြန်ဖို့နာရီပိုင်းပဲလိုတော့တဲ့ကမ်မရွန်အတွက် ထင်မှတ်မထားတဲ့ကိစ္စက ဖြစ်လာပါတယ်။ တစ်သက်တစ်ကျွန်းနဲ့ သေမိန့်ချခံထားရတဲ့အကျဉ်းသားတွေဟာ လေယာဉ်ကိုအပိုင်စီးပြီး လွတ်လမ်းရှာကြပါတော့တယ်။ မိသားစုနဲ့ပြန်ပေါင်းစည်းခွင့်ရဖို့ ကမ်မရွန်တစ်ယောက် အဲဒီလေယာဉ်ပေါ်ကနေဆင်းခွင့်ရအောင် ဘယ်လိုစွန့်စားသွားမလဲ။ ရက်စက်တဲ့အကျဉ်းသားတွေကရော လေယာဉ်နဲ့အတူလွတ်မြောက်သွားမလား။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။