4.5
79,282
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Space Jam: A New Legacy (2021)

Animation, Adventure, Comedy

Credits 200

ဘတ်စကက်ဘောအားကစားပရိတ်သက်များအကြိုက်တွေ့စေမယ့်ဇာတ်ကားလေးကိုဒီတစ်ခါမှာမိတ်ဆက်ပေးချင်ပါတယ်။ ဘတ်စကက်ဘောလောကရဲ့ဘုရင် LeBron James ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးဖြစ်တဲ့ Space Jam A New Legacy ဆိုတဲ့ဇာတ်ကားလေးပါပဲ။ ဒီ American Live action & Animated Sport Comedy ဇာတ်ကားလေးကို ၂၀၂၁ ဇူလိုင်လ ၁၄ရက်နေ့ကမှထွက်ထားတာကြောင့် ပူပူနွေးနွေးအသစ်စက်စက်လေးပါနော်။ ငယ်စဥ◌်ကချို့တဲ့ပြီးမိခင်ဖြစ်သူနဲ့သာနေထိုင်ခဲ့ရတဲ့ LeBron James ဟာလူငယ်ဘ၀ရဲ့အပျော်အပါးအားလုံးကိုစွန့်လွှတ်ပြီး နည်းပြရဲ့လမ်းညွှန်မှုအောက်မှာ ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာတဲ့အထိတစ်စိုက်မတ်မတ်ကြိုးစားလာခဲ့ပါတယ်။ ကြိုးစားခဲ့တဲ့အတိုင်းပဲထိုက်တန်တဲ့ မရေတွက်နိုင်တဲ့အောင်မြင်မှုတွေရခဲ့ပြီးအမေရိကန်နိုင်ငံရဲ့စူပါစတားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ထို့အတူ ဇနီးဖြစ်သူကာမီယာနဲ့သားလေးနှစ်ယောက်၊ သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ သားကြီးဖြစ်သူဒယ်ရီးယက်စ်ကဖခင်လိုချင်တဲ့ပုံစံအတိုင်းဘတ်စကက်အားကစားသမားတစ်ယောက်ဖြစ်လာပေမယ့် သားငယ်ဒွန်မ်မစ်နစ်ကတော့ဂိမ်းဖန်တီးခြင်းကိုသာပိုပြီး စိတ်၀◌င်စားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖခင်လစ်ဘရွန်နဲ့ သားငယ်ဒွန်မ်မစ်နစ်တို့ကြားထဲမှာသဘောထားကွဲလွဲမှုတွေနဲ့အခြေအတင်ဖြစ်ခဲ့ပါတယ်။ ဒီလိုသားအဖဆက်ဆံရေးအဆင်မပြေတဲ့အချိန် ထူးဆန်းတဲ့အယ်လ်ဂိုရစ်သမ်နဲ့တွေ့ဆုံပြီး ကွန်ပျူတာဆာဗာထဲကိုသားအဖနှစ်ယောက်ရောက်သွားတဲ့အခါမှာ...ဘယ်လိုတွေဆက်ဖြစ်ကြမလဲ?? ဖခင်ဖြစ်သူရဲ့သားငယ်အပေါ်တစ်လွဲစေတနာတွေနဲ့ သားငယ်ရဲ့ခေါင်းမာမှုတွေကို ဘယ်လိုအဖြစ်အပျက်တွေကအမြင်မှန်တွေရစေမလဲ...? ဒါ့အပြင်ကျွန်မတို့ငယ်စဥ◌်ကအိပ်ယာ၀◌င် Comic တွေရဲ့ဇာတ်ကောင်လေးတွေဖြစ်တဲ့ Bugs Bunny ဦးဆောင်တဲ့ Looney Tunes လေးတို့ပါပါလာမယ်ဆိုတော့...လုံး၀ကိုလက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်နေပါပြီနော်။ ဒီဇာတ်ကားကိုအညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Erica Sean ဖြစ်ပါတယ်။