ဒီတစ်ခါတော့ ငယ်ဘဝတွေကို ပြန်ပြီးအမှတ်ရစေမယ့် ဟောင်ကောင်ရဲ့ရွှေခေတ်ရုပ်ရှင်ကားတွေဆီ ပြန်သွားကြမယ်ဗျာ။ ငယ်ငယ်က ချောင်ယွန်ဖက်နဲ့ ဟောင်ကောင်အက်ရှင်ကားဆိုတာ ခွဲပြောလို့မရတဲ့ အရာတွေပဲမဟုတ်လား။ နောက်ပြီး နာမည်ကျော်ဟောင်ကောင်ဒါရိုက်တာ ဂျွန်ဝူးရဲ့လက်ရာလည်းဖြစ်နေပြန်သေးတယ်။
ကြေးစားလူသတ်သမားတွေဟာ သေနတ်ထဲမှာ နောက်ဆုံးကျည်တစ်တောင့် ချန်ထားလေ့ရှိတယ်တဲ့။ ရန်သူကိုလက်စသတ်ဖို့ မဟုတ်ရင် သူ့ကိုယ်သူပစ်သတ်ဖို့ပေါ့။ ကျည်တစ်တောင့် လူတစ်ယောက်ဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ တစ်နေ့မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ ရန်သူနဲ့ရင်ဆိုင်ရင်း ဆိုင်ကအဆိုတော်ကောင်မလေးရဲ့မျက်လုံးကို ကျည်နဲ့ရှပ်ထိသွားတယ်။ ငါလူဆိုးတွေကိုပဲသတ်မယ် လူကောင်းဆိုမသတ်ဘူးဆိုတဲ့ ကြေးစားလူသတ်သမားဟာ သူ့ကြောင့်မျက်လုံးထိခိုက်သွားတဲ့ကောင်မလေးကို တာဝန်ယူဖိုအတွက် နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ဒုစရိုက်ဂိုဏ်းကလူတွေက သူ့ကိုနှုတ်ပိတ်ဖို့ကြံစည်လာတဲ့အခါမှာတော့ ...
ကိုယ့်အလုပ်ကို သိက္ခာရှိရှိ သစ္စာတရားနဲ့လုပ်တတ်တဲ့ ကြေးစားလူသတ်သမားတစ်ယောက် .....
ဥပဒေကိုသာလက်ကိုင်ထားပေမယ့် သူ့ကိုဘယ်သူမှမယုံကြတဲ့ ရဲအရာရှိတစ်ယောက် .....
သူငယ်ချင်းမေတ္တာတရား ၊ တာဝန်ယူလိုစိတ် စတာတွေကို ကြမ်းကြမ်းတမ်းတမ်းအက်ရှင်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဒီလိုမျိုးဂန္တဝင်မြောက်ဟောင်ကောင်အက်ရှင်တစ်ကား ဖြစ်လာပါတော့တယ် ...
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thaung Nay Oo ဖြစ်ပါတယ်