6.2
42,155
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

The Card Counter (2021)

Crime, Drama, Thriller

Credits 200

The Card Counter ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကတော့ ၂၀၂၁ခုနှစ် စက်တင်ဘာ ၁၀ရက်နေ့ကထွက်ရှိခဲ့တဲ့ thriller & Dramatic အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည် The Card Counter ဆိုတဲ့အတိုင်းပဲ ရုပ်ရှင်တစ်ခုလုံးမှာ ဖဲကစားနည်းအခြေခံပုံစံတွေအဓိကထားပြီး ဇာတ်လမ်းဆင်ရိုက်ကူးသွားတာဖြစ်လို့ Poker ပရိသတ်တွေနှစ်ခြိုက်ကြမှာတော့သေချာပါတယ်။ ဘေလ်တဲလ်ဟာ ပြစ်မှုတစ်ခုအတွက်ထောင်ကျနေခဲ့သူတစ်ယောက်ပါ။ ထောင်ထဲမှာအသားကျအောင်နေထိုင်ရင်း တကယ့်ဆရာကြီးတွေရဲ့ဖဲကစားနည်း ဖဲချိုးနည်းတွေကိုလည်း တဲလ်ကသင်ယူတတ်မြောက်ခဲ့ပါတယ်။ ထောင်ကနေလွတ်လာတဲ့အခါမှာတော့ လောကကြီးအကြောင်းဘာမှစိတ်မ၀◌င်စားတော့ပဲ တစ်ယောက်တည်းအေးချမ်းစွာနေထိုင်ရင်း ကာစီနို်၀◌ိုင်းတွေကိုသာလှည့်လည်နေပါတော့တယ်။ ဒါပေမယ့် အတိတ်မှာနာကျည်းချက်တွေရှိခဲ့ဖူးတဲ့ ခတ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံချိန်မှာတော့ အေးချမ်းနေတဲ့ဘေလ်ရဲ့ဘ၀ကြီးကပြောင်းလဲသွားပါတော့တယ်။ အတိတ်ဖြစ်ရပ်ဆိုးတွေကိုပြည်ဖုံးကားချပြီး ဘ၀ကိုဖြတ်သန်းချင်တဲ့ တဲလ်က လူငယ်ပီပီအညှိုးအတေးကိုလက်စားပြန်ချေချင်တဲ့ ခတ်ကိုဂရုဏာသက်ခဲ့ပါတယ်။ ခတ်ကိုကူညီဖို့ကြိုးစားနေတဲ့တဲလ်ရဲ့ စေတနာတွေအောင်မြင်မလား…? ကြိုတွေးလို့မရတဲ့လောင်းကစားပွဲတစ်ခုလို လူ့ဘ၀ကြီးမှာ ခတ်နဲ့တဲလ်ဘယ်လိုတွေရင်ဆိုင်ရမလဲ...? ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။