5.9
20,293
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

The Vanishing (2018)

Drama, Mystery, Thriller

Credits 200

ဒီကားလေးကိုရေးရတာ ရင်ထဲမှာ အရမ်းကိုထိရှမိတယ်။ ဇာတ်ကားပြီးသွားတဲ့အချိန်မှာ လူကငြိမ်ပြီးကျန်နေခဲ့တဲ့ ခံစားမှုမျိုးကို ခံစားခဲ့ရတယ်။ ဇာတ်လမ်းက အဆန်းကြီးမဟုတ်ဘူး။ ဒါပေမယ့် လူတွေရဲ့ဖြစ်တတ်တဲ့သဘာဝကို ပီပီပြင်ပြင်ဖော်ပြပေးသွားတယ်။အရမ်းကောင်းပါတယ်။ရင်ထဲမှာတစ်ခုခုကျန်ခဲ့တဲ့အရသာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့လုံးဝကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ မီးပြတိုက်စောင့်ဖို့ အလှည့်ကျတဲ့ လူသုံးယောက်ဟာဂျူတီဝင်ဖို့အတွက် မီးပြတိုက်ကို ရောက်လာခဲ့ပါတယ်။ သူတို့ရောက်ရှိပြီးမကြာခင်မှာပဲ မီးပြတိုက်ရှိရာကျွန်းကို လူတစ်ယောက်နဲ့သေတ္တာတစ်လုံး မျောပြီးလာတင်နေတာကို တွေ့ခဲ့ရတယ်။အဲဒီကစပြီး သုံးယောက်လုံးရဲ့ ကံကြမ္မာဟာ ပြောင်းလဲသွားခဲ့ပါတယ်။အထူးသဖြင့် တိတ်ဆိတ်ခြောက်သွေ့တဲ့မီးပြတိုက်လိုနေရာတစ်ခုမှာစိတ်ခြောက်ခြားစရာတွေပါ ထပ်ရောက်လာခဲ့မယ်ဆိုရင်ဒီလူသုံးဦးရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲဆိုတာကိုပြသပေးသွားတာဖြစ်ပါတယ်…