7.3
110,222
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

Rescue Dawn (2006)

Adventure, Biography, War

Credits 200

လူတိုင်းမှာ စိတ်ကူးအိမ်မက်ကိုယ်စီတော့ ရှိကြတာပဲ။ ဒါပေမဲ့ အဲဒီအိမ်မက်တွေ ဘယ်လိုဖြစ်လာလဲဆိုတာတော့ စိတ်ဝင်စားဖို့အတော်ကောင်းတယ်။ လေတပ်ဗိုလ်ဒန်ဂလာကတော့ ငယ်ငယ်က သူနေတဲ့ရွာကို လေယာဥ်နဲ့ ဗုံးတွေခဏခဏလာကြဲကြတယ်။ အဲဒီလိုအချိန်မှာဆို သူနဲ့သူ့အစ်ကိုက ပုန်းနေရင်းကြည့်ရတာပေါ့။ တစ်ရက်တော့ တိုက်လေယာဥ်တစ်စီးက သူ့အိမ်နဲ့နီးနီးလေကိုရောက်လာခဲ့ပြီး လေယာဥ်မှူးက သူ့ကိုတည့်တည့်ကြီးစိုက်ကြည့်သွားတယ်။ အဲဒီအချ်န်ကစလို့ သူဟာ လေယာဥ်မောင်းတဲ့သူဖြစ်ချင်တော့တာပဲ။ ဒီလိုနဲ့အရွယ်ရောက်လာတဲ့ ဒန်ဂလာဟာ အမေရိကန်လေတပ်မှာဗိုလ်ကြီးဖြစ်လာခဲ့ပြီး ပထမဆုံးအနေနဲ့ ဗီယက်နမ်တွေကိုဗုံးကြဲရမယ့်တာဝန်ကို ထမ်းဆောင်ရတယ်။ ဒါပေမဲ့ ကံဆိုးလှတဲ့ဒန်ဂလာက လေယာဥ်ပစ်ချခံလိုက်ရပြီး ဗီယက်နမ်တွေလက်ထဲရောက်သွားပြီး အဖမ်းခံလိုက်ရတယ်။ တောနက်ထဲမှာအဖမ်းခံထားရတဲ့ ဒန်ဂလာ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာကိုခံစားကြည့်ရှူလိုက်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Marip Pan ဖြစ်ပါတယ်