5.4
41,492
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Replicas (2018)

Action, Drama, Sci-Fi

Credits 200

မင်းသားကြီး Keanu Reevesရဲ့၂၀၁၈ရုံတင်ကားလေးပါ။ Replica ဆိုတာ မြန်မာလိုဘာသာပြန်ရင် ကိုယ်ပွားတဲ့ဗျာ စိတ်ဝင်စားစရာတော့ကောင်းသားဗျ။ Willဟာ ဆေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့သူတစ်ယောက်ပါ။ သူလုပ်ရတဲ့အလုပ်ကလဲ သူများတွေလို ရိုးရိုးရှင်းရှင်းမဟုတ်ပါဘူး။ စစ်ပွဲမှာသေဆုံးသွားတဲ့စစ်သားတွေဟာနိုင်ငံကောင်းကျိုးအတွက်သူတို့ရဲ့ခန္ဓာကိုယ်တွေကိုဆေးပညာမှာသုံးဖို့လှူဒါန်းခဲ့ပါတယ်။ အဲ့သေပြီးသားခန္ဓာကိုယ်ထဲကမှတ်ဉာဏ်တွေကိုထုတ်ပြီး စက်ရုပ်တစ်ခုထဲထည့်ပေးရတယ်။ သေလူတွေကိုအသက်ပြန်သွင်းတဲ့စီမံကိန်းတစ်ခုကိုလုပ်နေရတယ်။ ဒါပေမဲ့လဲဘာမှန်းမသိတဲ့လိုအပ်ချက်ကြောင့် အကြိမ်ကြိမ်အခါခါကျရှုံးနေရတာပေါ့။ တစ်နေ့တော့သူတို့မိသားစုလေး ခရီးထွက်ကြတယ် ကံမကောင်းချင်တော့ကားမတော်တဆမှုလေးဖြစ်ပြီးသူရဲ့မိန်းမရယ်သားရယ်သမီး၂ယောက်ရယ်သေဆုံးသွားခဲ့ကြတယ်။ အဲ့ဒါနဲ့သူ့ဆေးကုမ္ပဏီက စီမံကိန်းလုပ်နေတဲ့ပစ္စည်းတွေကိုခိုး ကိုယ်ပွားတွေထွင်ပြီးမိသားစုကိုအသက်ပြန်သွင်းပေးလိုက်တယ်။ အဲ့ဒါကိုဆေးကုမ္ပဏီကသိသွားတဲ့အခါမှာတော့ …