6.4
23,706
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

8.9 GB

Credit

500

Krrish (2006)

Action, Adventure, Sci-Fi

Credits 500

မွေးရာပါထူးခြားစွမ်းအင်တွေကြောင့် အဖွားဖြစ်သူနဲ့အတူ တောင်ပေါ်ဒေသမှာ ဇာတ်မြှုပ်နေခဲ့တဲ့ ခရစ်ရှ်နာမီရာ။ အဲ့စွမ်းအားတွေကြောင့်ပဲ ရွယ်တူသူငယ်‌ချင်းတွေရဲ့ ရှောင်ခွာခြင်းကို ခံရရင်း ‌ကျေးငှက်တိရစ္ဆာန်တွေနဲ့အတူ အဖော်လုပ်ကာ တောတောင်သဘာဝတရားတွေနဲ့ လိုက်လျောညီထွေနေခဲ့ရပါတယ်။ တစ်နေ့မှာတော့ ခရစ်ရှ်နာတို့ရွာကို လေ့လာရေးခရီးထွက်လာတဲ့ ကြိုးမဲ့ယာဉ်ကနေ ပျက်ကျလာတဲ့ ရှိုးတင်ဆက်သူလေး ပါရီရာနဲ့ တွေ့ဆုံခဲ့ရပါတယ်။ အဲ့ကတစ်ဆင့်ပါရီရာနဲ့ နီးစပ်ဖို့ ကြိုးစားရင်း စင်ကာပူကို သွားဖို့ ‌အကြောင်းဖန်လာခဲ့ပါတယ်။ ဒါဆို အဖွားဖြစ်သူကကော သူ့မြေးလေးကို အဝေးကို မလွှတ်ချင်ရတဲ့အကြောင်းရင်းကဘာဖြစ်မလဲ။ ဒါ့အပြင် ခရစ်ရှ်နာတစ်ယောက် ဘယ်လိုအခက်အခဲ‌ေတွနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။