7.5
115,778
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.5 GB

Credit

100

House of Flying Daggers (2004)

Action, Adventure, Drama

Credits 100

တရုတ်ပြည်မှာ ထန်မင်းဆက်စိုးစံနေတဲ့အချိန် ဧကရာဇ်ရဲ့အရည်အချင်းညံ့ဖျင်းတာကြောင့် ဆန့်ကျင်တဲ့အဖွဲ့တွေအများကြီးပေါ်ပေါက်လာတယ်။ အင်အားအကြီးဆုံးကတော့ ဓားမြှောင်ပျံဂိုဏ်းအဖွဲ့ပါပဲ။ အစိုးရရဲ့အမှုထမ်းနှစ်ယောက်ဖြစ်တဲ့ Leo (Andy Lau) နဲ့ Jin (Takeshi Kaneshiro) တို့ဟာ အဲဒီဂိုဏ်းရဲ့ခေါင်းဆောင်ကိုသတ်ဖို့ အမိန့်ပေးခံရပါတယ်။ သူတို့နှစ်ယောက်ဟာ ဆောင်ကြာမြိုင်က မျက်မမြင်ကချေသည်မိန်းကလေး Mei (Zhang Ziyi) ကို ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးအဖြစ် သံသယဝင်ကာ ဖမ်းဆီးလိုက်ပါတယ်။ ဒါပေမဲ့ တကယ့်ခေါင်းဆောင်ကို ဖမ်းချင်တဲ့အတွက် Jin ဟာ Mei ကိုကယ်တင်ဟန်ဆောင်ပြီး နှစ်ယောက်သားထွက်ပြေးကြပါတော့တယ်။ ထွက်ပြေးရင်းနဲ့ပဲ ဟန်ဆောင်မှုတွေကြားကနေ သူတို့နှစ်ယောက် ချစ်မိသွားကြတဲ့အခါ....။ Jin တစ်ယောက် အချစ်မှာနစ်မွန်းပြီး ဂိုဏ်းခေါင်းဆောင်ကို ဖမ်းနိုင်ပါ့မလား....။ အလှည့်အပြောင်းတွေများစွာနဲ့ ဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၀၄ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး IMDb Rating 7.5/10 ရှိတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်​ပါတယ်။ ကားဟောင်းတစ်ကားဖြစ်ပေမဲ့လည်း Action , Adventure , Romance စသဖြင့် ရသပေါင်းစုံခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။