6.9
26,634
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

8.6 GB

Credit

500

Agneepath (2012)

Action, Crime, Drama

Credits 500

ဒီတစ်ခေါက်မှာတော့ မအိုဆေးသောက်ထားသလားထင်ရအောင် နုပျိုတဲ့မင်းသားကြီးဟီသစ်ရိုရှန်းရဲ့အက်ရှင်ဒရာမာကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တွဲဖက်မင်းသမီးကလည်းဘောလီးဝုဒ်တင်မကပဲ ဟောလီးဝုဒ်ထ်ပါခြေဆန့်လာတဲ့ မင်းသမီးကြီးပရီရန်ကားဖြစ်ပြီး မင်းသမီးကတ်ထရီနာကလည်း Guest roleကနေပါဝင်ထားပါတယ် မဟုတ်မခံတတ်တဲ့ဗီဂျေးတစ်ယောက်ဟာ သူ့အရှေ့မှာတင်ပဲသူ့အဖေဖြစ်သူကျောင်းဆရာက မတရားစွပ်စွဲတာကိုခံခဲ့ရပြီး တစ်ရွာလုံးရဲ့တံတွေးခွက်ထဲမျှောခဲ့ကာ ဆေးခြောက်ကုန်သည်ကန်ချာရဲ့ညအသတ်ခံလိုက်ရတာကိုမြင်လိုက်ရပါတယ် ထိုမြင်ကွင်းကြောင့်သူ့စိတ်ထဲ လက်စားချေလိုစိတ်တွေကအစပျိုးလာခဲ့ပါတော့တယ် အဖေသေပြီးနောက်မှာလည်း သားအမိ၂ယောက်မွမ်ဘိုင်းကိုရောက်လာပေမဲ့ ၁၀ကျော်သက်မိန်းကလေးတွေကိုရောင်းစားတတ်တဲ့ မာဖီးယားရာ့ဖ်လာလာနဲ့တွေ့ချိန်မှာတော့ ဗီဂျေးတစ်ယောက်သူ့ညီမလေးကိုကာကွယ်ပေးနိုင်ပါ့မလား သူ့ရည်ရွယ်ချက်အတိုင်းရွာပြန်ပြီး လက်စားချေနိုင်ပါ့မလား ရှုပ်ထွေးလှတဲ့မြေအောက်လောကရဲ့ပြဿနာ ပေါင်းသောင်းခြောက်ထောင်ကိုပါမြင်တွေ့ရမှာဖြစ်လို့ အက်ရှင်ကားကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်... ဒီကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Khin Khin ဖြစ်ပါတယ်...