ဒီကားကတော့ အတိုဆုံးပြောရရင် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံကို သရုပ်ဖော်ထားတာပါ။ သနားလို့ ကယ်ထားမိရာကနေ ရှိတာဆုံးပြီး လူပါ မသေရုံတမယ် ကံဆိုးသွားတဲ့ ကလေးသူငယ်၀န်ဆောင်မှုဌာနက ၀န်ထမ်း အမ်မလီရဲ့ ဖြစ်ရပ်ကို ရှုစားရမှာ ဖြစ်ပါတယ်။
အမ်မလီက နေ့စဉ် အလုပ်မှာ မိသားစု အိမ်တွင်းရေးပြသာနာတွေ အကျပ်အတည်းတွေ ကလေးသူငယ်နှိပ်စက်တဲ့အမှုတွေကို တွေ့ဆုံဖြေရှင်းရပါတယ်။ 39 ခုမြောက် ကေ့စ်မှာတော့ ထူးဆန်းတဲ့မိသားစု 3 ယောက်နဲ့ ကြုံတွေ့ရပါတယ်။ ကလေးမလေး လီလီက အပြင်ပန်းဒဏ်ရာမရှိပေမယ့် ဒုက္ခရောက်နေသလိုမျိုး ခံစားမိနေတာပါ။ မိဘနှစ်ယောက်ကလည်း အမ်မလီနဲ့တွေ့ရတာကို သဘောကျပုံမပြပါဘူး။
တစ်ညမှာတော့ မိဘတွေက လီလီကို oven ထဲ ထည့်ပြီး မီးရှို့မယ်လုပ်တုန်း အမ်မလီရောက်လာပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ လင်မယားနှစ်ယောက်ကတော့ ထောင်ထဲရောက်သွားတာပေါ့။ အစက လီလီကို မွေးစားမိဘရှာပေးဖို့ စီစဉ်ထားပေမယ့် အမ်မလီက လီလီတိုက်တွန်းတာရော သနားတာကြောင့်ပါ အိမ်ခေါ်ပြီး မွေးစားဖြစ်သွားပါတယ်။
လီလီရောက်လာပြီးနောက်ပိုင်းမှာ မူမမှန်တာတွေ စဖြစ်လာပြီး အမ်မလီ့နားက လူတွေ သေသွားတဲ့အခါ...လီလီက ဘာလဲ...သူ့မိဘတွေက သူ့ကိုဘာလို့ သတ်ဖို့လုပ်တာလဲ... အမ်မလီဆီက သူဘာလိုချင်နေတာလဲဆိုတာ...ကိုယ်တိုင်ကိုယ်ကျ ဆက်ကြည့်လို့ရပါပြီ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai K K ဖြစ်ပါတယ်