6.5
128,376
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

Homefront (2013)

Action, Crime, Thriller

Credits 200

Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ဖြန့်ပေးဖို့ရမှာဖြစ်ပါတယ်။ဇာတ်လမ်း၊ ဇာတ်ညွှန်းက စတားလုံး၊ မင်းသားက Jason ဆိုတော့ ဇာတ်လမ်းကလည်း အက်ရှင်ကားကောင်း တစ်ကားရဲ့ အငွေ့အသက် အပြည့်အဝပါပါတယ်။ မင်းသားကို လူဆိုးတွေက ရန်စမယ် မင်းသားက သည်းခံလို့မရတဲ့အဆုံး ပြန်ချရင်းနဲ့ လူတွေက ့အကြောင်း သိမယ်။ လူဆိုးတွေက လက်တုန့်ပြန်တာတွေ၊ ချခန်းတွေနဲ့ ကြည့်လို့ကောင်းတဲ့ကားတစ်ကားပါ။ ဒါက အက်ရှင်ကား ပရိတ်သတ်တွေ လက်မလွှတ်သင့်ပါဘူး။