6.3
7,917
...

Video Quality

Blu-ray 1080p

Audio Quality

Flac 5.1

File Size

4.1 GB

Credit

200

As the Gods Will (2014)

Adventure, Horror, Sci-Fi

Credits 200

March 20 Movies Request တုန်းက ဘာသာပြန်ပီးတင်ပေးဖို တောင်းဆိုထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ As the Gods Will လေးကို Blu-ray 1080p Quality နဲ့တင်ပေးလိုက်ပါပီ ဒီကားလေးကတော့ Kami-sama no Iu Tōriဆိုတဲ့ Mangaကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတဲ့ ဂျပန်ကားလေးဖြစ်ပြီး သွေးသံရဲရဲနဲ့အခန်းတွေ အများကြီးပါပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ သာမန် အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ တာခါဟာတာရွှန်းက တစ်နေ့မှာတော့ ဘာအကြောင်းပြချက်မှမရှိဘဲ ဂျပန်ကလေးတွေဆော့တဲ့ ကစားပွဲတွေမှာ အတင်း ဝင်ဆော့ခဲ့ရပါတယ်။ သူ့အပြင် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေကလည်း ကျောင်းထဲမှာ ပိတ်မိနေပြီး အဲဒီဂိမ်းတွေကို ဆော့နေကြရပါတယ်။ ရှုံးတဲ့သူတွေကတော့ နေရာမှာတင် အသတ်ခံကြရတာ‌ပေါ့။ မျက်စိရှေ့မှာတင် အတန်းဖော်သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သေသွားတာကို မြင်ရတဲ့ ရွှန်းတို့တွေက ကစားပွဲတိုင်းမှာ နိုင်အောင် ဆော့ရုံကလွဲပြီး မတတ်နိုင်ခဲ့ပါဘူး။ ရွှန်းကတော့ သူ့ရဲ့ ငယ်သူငယ်ချင်း အီချီခါနဲ့တွေ့ပြီး သူ့ကို ကာကွယ်ဖို့ တာဝန်တစ်ခုပါ ထပ်တိုးလာခဲ့ပါတယ်။ အပြင်လောကမှာတော့ ဒီလိုဖြစ်နေတာတွေကို ဘုရားသခင်က စီစဥ်ထားတာလို့ ယုံလာကြပြီး အသက်ရှင်ကျန်ရစ်တဲ့ ကျောင်းသူကျောင်းသားတွေကို ဘုရားသခင်ရဲ့ ကလေးတွေလို့ခေါ်ပြီး ကိုးကွယ်တဲ့သူတွေလည်း ရှိလာပါတယ်။ ကျောင်းသားတွေကတော့ ဂိမ်းတွေအများကြီးကို အဆင့်ဆင့်ဆော့ကြပြီး တဖြည်းဖြည်းနဲ့ လူ နည်းနည်းစီပဲ ကျန်ပါတော့တယ်။ ဘယ်လိုဂိမ်းတွေကို ဘယ်လို သည်းထိတ်ရင်ဖိုဖြစ်အောင် ကစားကြမလဲ၊ နောက်ဆုံးမှာ ကျန်ခဲ့တဲ့သူက ဘယ်သူတွေဖြစ်မလဲ၊ ကစားပွဲတွေမှာ ဘယ်လိုလှည့်ကွက်တွေရှိမလဲဆိုတာကိုတော့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်