7.2
16,414
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

A Hard Day (2014)

Action, Crime, Thriller

Credits 200

ဒီကားလေးကတော့ ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို မှုခင်းအက်ရှင်ကားလေး ဖြစ်ပါတယ်။ ဂိုဂွန်းဆူဟာ လူသတ်မှုစုံစမ်းစစ်ဆေးရေးမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်အရာရှိတွေနဲ့အတူ လစ်ရင်လစ်သလို ခြစားမှုတွေ ကျူးလွန်နေတဲ့ အကျင့်ပျက်ရဲတစ်ယောက်ပါ။ ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် သူ့အမေ ဆုံးပါးသွားတဲ့နေ့မှာမှ သူတို့ရဲ့ အကျင့်ပျက်ခြစားမှုကို စစ်ဆေးရေးဌာနက လာရောက်စစ်ဆေးပါတော့တယ်။ ဒီလိုနဲ့ ညကြီးအချိန်မတော် သောကတွေနဲ့ အမေဖြစ်သူရဲ့ ဈာပနအခမ်းအနားကို အသွားမှာ လူတစ်ယောက်ကို ကားနဲ့တိုက်သတ်မိခဲ့တယ်။ သူ့ပြစ်မှုကို ဖုံးကွယ်ဖို့အတွက် အလောင်းကို သူ့အမေရဲ့အခေါင်းထဲထည့်ပြီး တစ်ခါတည်း မြေမြှုပ်အလောင်းဖျောက်ပစ်ခဲ့တာပေါ့။ ဂွန်းဆူတစ်ယောက် အလီဘိုင်တွေပါ ဖန်တီးပြီး သူ့ကိုယ်သူ ဟုတ်လှပြီအထင်နဲ့ အေးအေးလူလူရှိနေတုန်းမှာ ထင်မှတ်မထားတဲ့ ဂြိုလ်ဆိုးက ဝင်လာခဲ့တော့တယ်။ သူ့ရဲ့ ကားတိုက်ပြေးမှုကို မြင်လိုက်တဲ့ မျက်မြင်သက်သေတစ်ယောက် ရှိနေခဲ့ပြီး အဲဒီလူက သူ့ကို ဖုန်းခြောက်အကြပ်ကိုင်လာခဲ့တယ်။ အဲဒီလူက ဘာလို့ အကြပ်ကိုင်တာလဲ၊ ကားတိုက်ခံရသူရဲ့ သေဆုံးမှူနောက်ကွယ်မှာ ဘယ်လိုဇာတ်ကြောင်းတွေ ရှိမလဲဆိုတာကို A Hard Day ဆိုတဲ့ ဇာတ်လမ်းလေးမှာ ရင်တမမနဲ့ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်