ဒီဇာတ်လမ်းလေးကတော့ Scream 2ထဲက လူသတ်မှုတွေအပြီး ၂နှစ်အကြာမှာဇာတ်အိမ်တည်ထားပါတယ်။ဆစ်ဒနီကလည်း အတိတ်ကဖြစ်ရပ်တွေကောင့် လူသူကင်းတဲ့နေရာမှာ တစ်ယောက်တည်းခြေရာဖျောက်နေခဲ့ပြီး အဲ့အချိန်မှာပဲ ဟောလိဝုဒ်မှာ သူတို့အကြောင်းကို ဇာတ်လမ်းအဖြစ်ဖန်တီးထားတဲ့ Stab3ကို ရုပ်ရှင်ရိုက်ကူးနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်လူသတ်သမားကတော့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်မယ့်လူတွေကို ပစ်မှတ်ထားပြီး ဆစ်ဒနီကိုပုန်းနေရာကနေ ထွက်ပေါ်လာဖို့အတွက် လုပ်ဆောင်ပါတော့တယ်။ ၃ယောက်မြောက်အသတ်ခံရပြီးချိန်မှာတော့ ဆစ်ဒနီလဲ ဒူဝီတို့ရှိတဲ့ ဟောလိဝုဒ်ကိုရောက်လာခဲ့ပြီး လူသတ်သမားကရော ဘယ်သူဖြစ်နေမလဲ ဆစ်ဒနီကရော ဒီတစ်ခေါက်မှာ ထပ်ပြီးလွတ်မြောက်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားပေးကြပါအုံး...
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ innocent sheep ဖြစ်ပါတယ်