App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Elektra လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
Elektra ဆိုတာက Marvel comic ထဲက ဗီလိန်တစ်ယောက်ဖြစ်ပြီး မျက်လုံးစိမ်းနဲ့ အနီရောင်ဝတ်စုံကိုဝတ်ကာ
ဆိုင်စ်လို့ ခေါ်တဲ့ဓားမြောင်နှစ်ချောင်းကိုင်ဆောင်တတ်တဲ့ လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာလည်း Elektra ဟာ ကြေးစားလူသတ်သမားတစ်ယောက်အဖြစ် အလုပ်လုပ်နေပြီး တစ်ရက်
သူမသတ်ဖြတ်ရမယ့် ပစ်မှတ်ကတော့ မက်ခ်မီလ်လာနဲ့ အက်ဘီဆိုတဲ့ သားအဖနှစ်ယောက်ကို ဖြစ်ပါတယ်။
မူလအစကတော့ သူမအနေနဲ့ အဲ့ဒီသားအဖကို သတ်ပစ်ဖို့ ကြံစည်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အက်ဘီရဲ့
ဘဝက သူမလို အမိမဲ့သမီးတစ်ယောက် ဖြစ်နေတာကို မြင်လာပြီး သနားလာကာ အက်ဘီတို့ကို
လိုက်လံသတ်ဖြတ်နေတဲ့ the Hand အဖွဲ့ကို တိုက်ခိုက်ပြီး အက်ဘီတို့သားအဖကို ကယ်တင်ဖို့ ကြိုးစားတဲ့
ဇာတ်လမ်းဖြစ်ပါတယ်။
{ဒီဇာတ်ကားဟာဆိုရင် Ben Affleck ပါဝင်ခဲ့တဲ့ Daredevil (2003) ဇာတ်ကားရဲ့ Spin-off ဇာတ်လမ်းဖြစ်ပြီး
အဲ့ဒီဇာတ်လမ်းမှာ Elektra အနေနဲ့ ပါဝင်ခဲ့တဲ့ မင်းသမီးချော Jennifer Garner ကပဲ
ဆက်လက်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Daredevil ရုပ်ရှင်ဟာဆိုရင် Ben Affleck နဲ့ Jennifer Garner
တို့ကို လက်တွဲစေခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ ဒီ Elektra ရုပ်ရှင်ထွက်ရှိတဲ့ အချိန်
၂၀၀၅ ခုနှစ်မှာတော့ သူတို့နှစ်ဦးသားက အပြင်မှာ တကယ်ပဲလက်ထပ်သွားခဲ့ပါပြီ။
(အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Leon K Zaw ဖြစ်ပါတယ်။)