ဖုယွမ်ဆိုတဲ့ အကျဉ်းသားတစ်ယောက်ဟာ ဇွန်းကိုသုံးပြီး လိုဏ်ခေါင်းဖေါက်ကာ ထောင်ကနေထွက်ပြေးသွားခဲ့တယ်။ အဲ့ဒီအမှုကို လိုက်ဖို့တာ၀န်ကျသူကတော့ စစ်ဆေးရေးမှူးစုန့် ဖြစ်တယ်။
တစ်ညမှာ စစ်ဆေးရေးမှူးစုန့်ရဲ့မျက်စေ့ရှေ့မှာပဲ လူတစ်ယောက် အဆောက်ဦးပေါ်ကနေ ကျလာပြီး သေဆုံးသွားခဲ့တယ်။ တစ်မှုကို စုံစမ်းနေတုန်းမှာပဲ နောက်ထပ် ခုန်ချသတ်သေမှုတွေ ထပ်ရှိလာတယ်။ အဆောက်ဦးပေါ်ကနေ ခုန်ချပြီး သတ်သေကြပေမယ့် သတ်သေတာ မဟုတ်နိုင်ကြောင်းကို စစ်ဆေးရေးမှူးစုန့်က သိနေခဲ့တယ်။ သတ်သေကြတဲ့အကြောင်းကတော့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်နေတဲ့ အာဏာရှင်ကောင်းမင်းရှုန်းဆိုသူနဲ့ ပတ်သတ်နေတယ်။ ခုန်ချသတ်သေကြမှုကို စုံစမ်းရင်း အမှုအသွားလာအရ လူသတ်မှုကို သတ်သေမှုဖြစ်အောင်လုပ်ထားကြောင့်သိလာရတယ်။ စစ်ဆေးရေးမှူးစုန့်တို့က မမြင်ရတဲ့လူသတ်သမားကို ရှာဖို့ ဖြစ်လာတော့တယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်