ဒီဇာတ်ကားလေးဟာ ၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့ပြီး မင်းသားဂိုဆိုး၊ မင်းသားမာဒုံဆော့၊ မင်းသမီးဟန်ဟိုဂျူးတို့ပါဝင်ထားတဲ့ အချစ်ဟာသဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ မီဆုဟာ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့ဘဝတက်လမ်း အတွက် အမြဲကြိုးစားနေတဲ့သူပေါ့။ တစ်နေ့မှာတော့ ဆေးရုံကို လူနာတစ်ယောက်ရောက်လာခဲ့ပြီး မီဆုက စိုးရိမ်စရာမရှိဘူး ဆေးသောက်လိုက်ရင်ပျောက်သွားမှာပါဆိုပြီး ဆေးရုံကဆင်းခိုင်းလိုက်ရာက လူနာဟာ ကိုမာဝင်သွားခဲ့ပါတယ်။ လူနာရဲ့ယောက်ျားဖြစ်သူက ဒီကိစ္စကို မကျေနပ်တဲ့အတွက် မီဆုကို တရားစွဲထားပြီး မီဆုရဲ့ဆေးကုသမှုလိုင်စင်ကလည်း အသိမ်းခံရလုနီးနီးအခြေအနေထိ ရောက်သွားပါတော့တယ်။ အဲဒီတော့ မီဆုဟာ တရားခွင်မှာအနိုင်ရဖို့ ပြဿနာဖြစ်ခဲ့တဲ့နေ့က လူရှင်ရဲ့အမျိုးသားကြောင့် ဒဏ်ရာရသွားခဲ့တဲ့ မီးသတ်သမားကိုလိုက်ရှာပြီး တရားပြန်စွဲဖို့ စည်းရုံးပါတော့တယ်။ ဒါပေမဲ့ ဂန်လီက တရားစွဲဖို့ လက်မခံတဲ့အတွက် မီဆုဟာ နှလုံးသားနဲ့ချဉ်းကပ်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့အချစ်ဗြူဟာတွေကို တစ်ကွက်ပြီးတစ်ကွက် ထုတ်သုံးပါတော့တယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။