8.0
539,038
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Zootopia (2016)

Animation, Adventure, Comedy

Credits 200

ကမ္ဘာကြီးပေါ်မှာ လူသားတွေဆိုတာလုံးဝမရှိပဲ တိရိစ္ဆာန်တွေသာရှိပါတယ်။ တိရိစ္ဆာန်တွေမှာ Predator (မုဆိုး) နဲ့ Prey (သားကောင်) ဆိုပြီး အခြေခံအမျိုးအစားနှစ်ခုခွဲခြားထားပါတယ်။ ဥပမာအနေနဲ့ပြောရရင် ခြင်္သေ့၊ ကျား၊ မြေခွေးတွေက မုဆိုးတွေဖြစ်ပြီး သိုး၊ သမင်၊ ယုန် စတဲ့ တိရိစ္ဆာန်လေးတွေကတော့ သားကောင်တွေပေါ့။ မုဆိုးနဲ့သားကောင်ဆိုပေမယ့် မုဆိုးကို သားကောင်က ကြောက်လန့်နေစရာမလိုပဲ အတူယှဉ်တွဲနေထိုင်နေကြတာပါ။ ဟိုးအရင်အတိတ်အချိန်တွေက Predator (မုဆိုး) တွေဟာရက်စက်ကြမ်းကြုတ်ပြီး အရိုင်းအစိုင်းသတ္တဝါတွေအဖြစ် Prey (သားကောင်) တွေကို ရန်ပြုတိုက်ခိုက်သတ်ဖြတ်ခဲ့ပေမယ့် အခုအခါမှာတော့ တိရိစ္ဆာန်လေးတွေအားလုံးဟာ ချစ်ခင်စွာနေထိုင်နေကြပြီဖြစ်ပါတယ်။ သာမန်မြို့ငယ်လေးတစ်မြို့မှ ယုန်မလေး Judy Hopps မှာ ငယ်စဉ်တည်းကကြီးမားတဲ့ အိပ်မက်တစ်ခုရှိနေပါတယ်။ ဒါကတော့ ခေတ်မီစွာ စနစ်တကျလည်ပတ်နေတဲ့ မြို့ပြကြီး Zootopia မှာ ရဲအရာရှိတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်ချင်တာပါ။ ဒါကြောင့် Judy ဟာ Zootopia Police Academy မှာ ရဲအရာရှိသင်တန်းကို အောင်မြင်အောင်တက်ရောက်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အရွယ်အစားသေးငယ်တဲ့အပြင် အသည်းငယ်တတ်တဲ့ ယုန်လေးတွေကို ရဲအရာရှိအဖြစ် ခန့်အပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Judy ရဲ့ သွက်လက်တက်ကြွပြီး ဖြတ်ထိုးဉာဏ်ကောင်းမှုတွေကြောင့် သူမဟာ Zootopia ရဲ့ ပထမဆုံး ရဲအရာရှိ ယုန်မလေးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရဲအုပ်ကြီး Bogo ကတော့ Judy ကို အထင်မကြီးပါဘူး။ ပထမဆုံးရတဲ့ Judy အတွက် တာဝန်ကတော့ Parking Duty ပါတဲ့။ အမှုအကြီးကြီးတွေကို စုံစမ်းဖြေရှင်းချင်တဲ့ Judy အနေနဲ့ ရပ်နားချိန်ကျော်လွန်တဲ့ ကားတွေကို ချလန်လိုက်တပ်ရတာကတော့ တကယ့်ကို မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ တာဝန်ပါပဲ။ ဒါပေမယ့် သူမ အကောင်းဆုံး လုပ်ခဲ့တယ်။ နေ့လည်မတိုင်ခင် ကားအစီးရေ ၂၀၀ အထိရအောင် ချလန်တပ်နိုင်ခဲ့တယ်။ Judy အလုပ်လုပ်ရင်း အကူအညီပေးမိတဲ့ မြေခွေးလေး Nick Wilde ဟာ သူမထင်သလို တကယ်ဒုက္ခရောက်တာမဟုတ်ပဲ သူမကို တစ်ပတ်ရိုက်သွားတယ်ဆိုတာကို Judy သိလိုက်ရတဲ့ အခါမှာတော့ ခံပြင်းပြီးဒေါသဖြစ်ခဲ့ရတယ်။ ယုံကြည်လို့မရတဲ့ မြေခွေးရဲ့ ပင်ကိုယ်စရိုက်ကို ယုံကြည်မိတဲ့ သူမကိုယ်သူမအပြစ်တင်မိတယ်။ တစ်နေ့မှတော့ ရဲအုပ်ကြီး Bogo ကိုအကူအညီလာတောင်းတဲ့ တိရိစ္ဆာန်ပျောက်ဆုံးမှုတစ်ခုကို Judy က သူမရှာပေးမယ်ဆိုပြီး အတင်းလက်ခံလိုက်တယ်။ ရဲအုပ်ကြီး Bogo က Judy ကို အချိန်နှစ်ရက်ပေးပါတယ်။ နှစ်ရက်ပြည့်လို့မှ Judy အနေနဲ့ဒီအမှုကို အဖြေရှင်းနိုင်ဘူးဆိုရင် အလုပ်ကထုတ်ပယ်ခံရတော့မှာပါ။ Judy တစ်ယောက်သဲလွန်စတွေလိုက်ရှာရင်း မြေခွေးလေး Nick Wilde က သူ့ကိုကူညီပေးနိုင်မယ်ဆိုတာ သိလိုက်ပါတယ်။ တကယ်တမ်းစုံစမ်းလိုက်တဲ့ အခါမှာတော့ ဒီတိရိစ္ဆာန် ၁၄ ကောင်ပျောက်ဆုံးနေမှုဟာ သာမန်ထက်ပိုမိုရှုပ်ထွေးပြီး Zootopia မြို့ကြီးက တိရိစ္ဆာန်တွေအားလုံးရဲ့ အေးချမ်းစွာယှဉ်တွဲနေထိုင်မှုကိုပါ ထိခိုက်လာတဲ့အခါမှာတော့ .... ။