6.6
251,563
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.1 GB

Credit

200

Ender's Game (2013)

Action, Adventure, Sci-Fi

Credits 200

Ender’s Game (2013)ကတော့၁၉၈၅ ခုနှစ် ထုတ် စိတ်ကူးယဉ် သိပ္ပံ ဝတ္ထု ကို ရုပ်ရှင် ပြန်ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ ၂၀၈၆ ခုနှစ်မှာ ကမ္ဘာကို Formics လို့ခေါ်တဲ့ ဂြိုလ်သားတွေက တိုက်ခိုက်လာပါတယ်။ အဲ့ဒီစစ်ပွဲမှာ လေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဂြိုလ်သားတွေရဲ့ အားနည်းချက်ကိုသိလိုက်ပြီး သူတို့ကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ လူသားတွေ အနိုင်ရခဲ့ပေမယ့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာ လေတပ်အဖွဲ့ကနေပြီး လူကြီးတွေအစား လူငယ်တွေကို လေ့ကျင့်ပေးပြီး Formics တွေပြန် ပြီးတိုက်ခိုက်လာရင် ကာကွယ်နိုင်အောင်ဖြစ်ပါတယ်။ လေ့ကျင့်ပေးရာမှာလည်း Simulation တွေ ဂိမ်းတွေ အပေါ် အခြေခံပြီး လူငယ်တွေကို ရွေးချယ်တာဖြစ်ပါတယ်။ နှစ်ငါးဆယ် ကြာသွားပြီးတဲ့အချိန်မှာ Formics တွေရဲ့ဂြိုလ်ပေါ်မှာ စစ်တပ်အင်အား အဆမတန် တိုးပွားလာကို လူတွေက သတိထားမိပြီး သူတို့ နောက်တစ်ကြိမ် ကမ္ဘာကို လာပြီး ရန်မစရဲအောင် သူတို့ ရဲ့ ဂြိုလ်အထိ လိုက်ပြီး တိုက်ခိုက် နှိမ်နင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အဲ့ဒီမှာ Ender Wiggin လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက် ကို Colonel Hyrum Graff (Harrison Ford) က မြေတောင်မြှောက်ပေးပြီး သူတို့ တပ်ဖွဲ့ကို ဦးဆောင်ဖို့ လေ့ကျင့်ပေးပါတယ်။ Ender က ဂိမ်းတွေမှာလည်း တော်သလို ရန်သူကို တိုက်ခိုက်ဖို့ ပြင်ဆင်ရာမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ဒီလူငယ်လေးရဲ့ ဦးဆောင်မှုနဲ့ လူသားတွေ စစ်ပွဲကို အနိုင်ရမလား၊ လူသားတွေရဲ့ တွက်ကိန်းတွေက ဘာတွေ လွဲချော်မှုတွေဖြစ် မလည်းဆိုတာ ပိတ်ကားပြင်ပေါ်မှာပဲ ဆက်လက်ကြည့်ရှု ကြပါခင်ဗျာ။ဒီကားကတော့ မျှော်လင့်ထားသလောက် ဖြစ်မလာတဲ့ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒီလိုပြောလို့မကောင်းဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ သူက ဟယ်ရီပေါ်တာကားတွေလိုပဲ စာအုပ်ဖတ်ဖူးတဲ့သူတွေအတွက်က ဇာတ်ကောင်တွေနဲ့ ရင်းနှီးနေတော့ ဇာတ်လမ်းအသွားအလာကို အလွယ်တကူ သိနိုင်ပေမယ့် လုံး၀ မဖတ်ဖူးတဲ့ သူတွေကတော့ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိသလိုပါပဲ။ ဇာတ်ကားတစ်ကားလုံးကိုလည်း လူလေး ၁၀ ယောက်လောက်နဲ့ ရိုက်သွားတာဖြစ်ပြီး ကျန်တာတွေကတော့ ကွန်ပျူတာ Effect တွေပဲဖြစ်ပါတယ်။ Ender’s Game ဝတ္ထု ဖတ်ဖူးတဲ့ ပရိတ်သတ်တွေ အတွက်ကတော့ ကားကောင်းတစ်ကားဖြစ်ပြီး ကျန်တဲ့သူတွေအတွက်ကတော့ အပျင်းပြေပဲ ကြည့်သင့်တဲ့ ကားပါ။ဇာတ်သိမ်းပိုင်းက စိတ်ဝင်စားဖို့ကောင်းပေမယ့် ဇာတ်မသိမ်းခင်မှာ ထဲက အနည်းငယ်ခန့်မှန်းမိနေပါတယ်။ ဇာတ်ရှိန်တက်တာ နှေးသလို ဇာတ်လမ်းကလည်း Training တွေနဲ့တင်အချိန်ကုန်နေ လို့ အနည်းငယ် ပျင်းဖို့ကောင်းပါတယ်။ Action/Sci-Fi မဟုတ်ပဲ Drama/Sci-Fi လို့ပြောလို့ရပါတယ်။ ဇာတ်လမ်း အသွားအလာ နှေးပေမယ့် ဇာတ်လမ်းဆင်ထားတာကောင်းပါတယ်။ စာအုပ်ထဲက အကြောင်း အရာတွေလည်း အတတ်နိုင်ဆုံး စုံလင်အောင်ထည့်ထားသလို၊ ထူးခြားတဲ့ ဇာတ်သိမ်း၊ Effect ကောင်းကောင်းနဲ့ ရိုက်ထားလို့ အပျင်းပြေမိသားစုနဲ့တူတူ ရုံမှာသွားကြည့်သင့်တဲ့ ကားမျိုးပါ။ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ဆုရှင်နှစ်ဦးဖြစ်တဲ့ Harrison Ford နဲ့ Ben Kingsly တို့နှစ်ဦးနဲ့အပြိုင် Ender Wiggin အဖြစ်သရုပ်ဆောင်ထားတဲ့ Asa Butterfield က လည်း ဒီနှစ်ထွက်တဲ့ကားတွေထဲက ကလေးသရုပ်ဆောင်တွေထဲမှာ အကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်။ကလေးသရုပ်ဆောင်တွေဖြစ်လို့ သရုပ်ဆောင်မကောင်းသေးပေမယ့် အတော် ကြိုးစားထားကြပါတယ်။မိသားစုတူတူကြည့်ဖို့အဆင်ပြေပြီး Rated PG-13 ပါ။