5.6
58,850
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4 GB

Credit

500

Ma (2019)

Horror, Mystery, Thriller

Credits 500

သည်းထိတ်ရင်ဖို Horror ဆိုက်ကိုကားတွေ ကြည့်ချင်နေပါပြီ ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၁၉ ထွက် Ma ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် …. IMDb – 5.8/10 ရရှိထားတယ်ဆိုတော့ Horror ကားတစ်ကားအနေနဲ့ မနည်းဘူးဆိုရမှာပေါ့ … မက်ဂီ ဆိုတဲ့ကောင်မလေးက သူ့အဖေနဲ့ အိမ်ထောင်ကွဲလာတဲ့ မိခင်နဲ့အတူ မြို့ကိုခုမှ ပြောင်းလာတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ပါ … ကျောင်းပြောင်းလာတဲ့ မက်ဂီဟာ လူသစ်ဆိုပေမယ့် ဖော်ရွေတတ်တဲ့ မြို့ခံကျောင်းသားတွေနဲ့ အချိန်တိုအတွင်းပဲ ရင်းနှီးသွားကြပါတယ်… တစ်နေ့မတော့ ၁၈ နှစ်မပြည့်သေးလို့ အရက်ဘီယာဝယ်မရသေးတဲ့ သူတို့ကို ကူညီဝယ်ယူပေးခဲ့တဲ့ မိန်းမကြီးတစ်ယောက်နဲ့ ရင်းနှီးသွားခဲ့ကြပါတယ်… ့ပြီးတော့ ခိုးကြောင်ခိုးဝှက် ရဲတွေမမြင်အောင် အရက်သောက်နိုင်ဖို့ အဲ့ဒီမိန်းမကြီးက သူ့ရဲ့မြေအောက်ခန်းကို အသုံးပြုခွင့်ပေးပြီး ကူညီခဲ့ပါတယ်… ကားမောင်းမယ့်တစ်ယောက်က မူးအောင်မသောက်နဲ့ ..မဆဲနဲ့… ပြီးတော့ အပေါ်ထပ်ကိုတက်မလာနဲ့ စတဲ့ စည်းကမ်းချက်လေးတွေတော့ လိုက်နာရတာပေါ့နော် ….. ဒီမိန်းမကြီးရဲ့အတိတ်တွေက ဘယ်လိုရှိမလဲ… သူ့အကြောင်းတွေကို သိထားသင့်လား…ဒါပေါ့ ကိုယ်မရင်းနှီးတဲ့လူတစ်ယောက်ရဲ့အကြောင်းကို သိထားတော့ပိုကောင်းတာပေါ့… ဒါပေမယ့် ဒီလူငယ်လေးတွေကတော့ သိမထားခဲ့ကြပါဘူး … သူ့ကိုယ်သူ Ma (အမေကြီး) လို့ခေါ်တဲ့ မိန်းမကြီးက ဘယ်လိုအတိတ်တွေ ရှိခဲ့ပါလိမ့်နော် ကိုယ်တိုင်ပဲ ရင်ခုန်ခံစား ကြည့်ရှုလိုက်ကြပါဦး