6.3
184,276
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

Death on the Nile (2022)

Crime, Drama, Mystery

Credits 200

အခုမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ၂၀၂၂ခုနှစ်ထွက် စိတ်လှုပ်ရှားစရာ စုံထောက်ကားလေးပဲဖြစ်ပါတယ်။ နာမည်ကျော်စုံထောက်တစ်ဦးဖြစ်တဲ့ ပွာရိုးဟာ သူ့ရဲ့ အမှုတွေကနေ အနားယူဖို့ အီဂျစ်ကို ရောက်နေပါတယ်။ အဲဒီမှာ သူ့သူငယ်ချင်းဖြစ်တဲ့ ဘုခ်နဲ့ အမှတ်မထင် တွေ့ခဲ့ပါတော့တယ်။ ဘုခ်ရဲ့ ဖိတ်ကြားချက်အရ သူဟာ ဘုခ်ရဲ့ မိတ်ဆွေဆိုတဲ့သူရဲ့ အီဂျစ်မှာ ကျင်းပတဲ့ မင်္ဂလာပွဲကို တက်ဖို့ဖြစ်လာပါတော့တယ်။ သတို့သားကတော့ ဆိုင်မွန်ဒွိုင်းဆိုတဲ့သူဖြစ်ပြီး သတို့သမီးကတော့ ပိုက်ဆံအရမ်းချမ်းသာတဲ့ လင်းနက် ရစ်ဂျ်ဝေးဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံနောက်ကို တစ်ကောက်ကောက်လိုက်နှောင့်ယှက်နေတဲ့ မိန်းမတစ်ယောက်ရှိပါသေးတယ်။ သူကတော့ ဆိုင်မွန်ရဲ့ ရည်းစားဟောင်း ဂျက်ကလင်းပါပဲ။ မင်္ဂလာဦးဇနီးမောင်နှံက ဂျက်ကလင်းဆီကနေ ထွက်ပြေးဖို့အတွက် သင်္ဘောတစ်စင်းကိုငှားပြီး သူတို့ဧည့်သည်တွေနဲ့အတူ နိုင်းမြစ်ပေါ်ကို ခရီးထွက်ခဲ့ကြပါတယ်။ ဘေးမကင်းဘူးလို့ ခံစားရတဲ့ လင်းနက်ဟာ စုံထောင်ကြီး ပွာရိုးကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသင်္ဘောပေါ်မှာ လူသတ်မှုတွေဖြစ်လာတဲ့အခါ စုံထောက်ကြီးက ဘယ်လိုဖြေရှင်းသွားမလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေက ဘယ်လိုလှည့်ကွက်တွေနဲ့ ကြိုးကိုင်နေတာလဲဆိုတာကိုတော့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေး Maria ဖြစ်ပါတယ်