Horror ဆိုရင် တစိမ့်စိမ့် ကြည့်ရင်းကြည့်ရင်း စိမ့်နေအောင်ကြောက်ရမှ ကြိုက်တယ်ဆိုရင်တော့
ဒီကားလေးကိုကြည့်သင့်ပါတယ်။
ဇာတ်လမ်းလေးကတော့..
ဆူဆန်နာနဲ့ သူ့အဘွားဟာ မွေးနေ့အတူတူပဲ။ ဒါကြောင့် မွေးနေ့ပွဲကို အတူတူလုပ်ကြတယ်။ ဒီနှစ်မွေးနေ့ကိုတော့ သူတို့မြေးအဖွား အတူတူကျင်းပနိုင်ဖို့ ဆူဆန်နာရဲ့အဘွားက မျှော်လင့်နေခဲ့တယ်။ ဒါပေမဲ့လည်း အရေးကြီးတဲ့ အလုပ်ကိစ္စကြောင့် ဆူဆန်ဟာ သူ့အဘွားဆီ မပြန်လာနိုင်ဘူးလို့ ဖုန်းဆက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ သူ့အဘွားဟာ အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံရောက်နေတယ်ဆိုတဲ့ သတင်းကြားလိုက်ရပြီး ဆူဆန်နာဟာ သူ့အဘွားရှိတဲ့မြို့ကို ပြန်လာခဲ့ရတယ်။ သူ့အဘွားကိုပြုစုစောင့်ရှောက်ပေးရင်းနဲ့ အဘွားဖြစ်သူရဲ့ ထူးဆန်းတဲ့အပြုအမူတွေကို တွေ့လိုက်ရတဲ့အခါ........။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Marip Pan ဖြစ်ပါတယ်