5.8
138,190
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

The Mortal Instruments: City of Bones (2013)

Action, Adventure, Fantasy

Credits 200

Clary Fray ဟာ သူ့မိခင် Jocelyn Fray နဲ့အတူ နယူးယောက်မြို့မှာ နေထိုင်ပါတယ်။ သူတို့နဲ့အတူ Jocelyn ရဲ့ သူငယ်ချင်း Luke Garroway လည်း တခါတရံ လာရောက်နေထိုင်ပါတယ်။ Clary နဲ့ သူငယ်ချင်း Simon Lewis တို့ဟာ တစ်ရက်မှာ နိုက်ကလပ်သွားရင်း ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုကို တွေ့လိုက်ရပါတယ်။ Clary ဟာ လူသတ်မှုတစ်ခုကို မြင်လိုက်ရပေမယ့် Simon အပါအဝင် တခြားသူတွေက မမြင်ရပါဘူး။ အဲဒီညမှာ Clary ဟာ ထူးဆန်းတဲ့ တံဆိပ်တစ်ခုကို သူ့ရဲ့ မသိစိတ်က ပုံတွေအများကြီး ဆွဲနေခဲ့ပါတယ်။ Clary က လူသတ်သမား Jace Wayland ကို မြင်ရပေမယ့် ကျန်တဲ့သူတွေက မမြင်ရပါဘူး။ နောက်ရက်မနက်မှာ Jocelyn ကို မကောင်းဆိုးဝါး နှစ်ယောက်က လာဖမ်းပါတယ်။ Jocelyn ဟာ Clary ဆီ ဖုန်းဆက်ပြီး Valentine ကို သတိထားဖို့ ပြောပြီး အမြန်ဖုန်းချသွားပါတယ်။ Clary နဲ့ Jace ဟာ Jocelyn ဆီ အမီပြန်လာပေမယ့် မကောင်းဆိုးဝါး ခွေးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်တော့ Jace ဟာ မကောင်းဆိုးဝါးတွေကို လိုက်လံနှိမ်နင်းတဲ့ Shadow Hunter ခေါ် Nephilim တစ်ဦးဖြစ်ပြီး Clary ကို လိုက်လံရှာဖွေနေတာပါ။ Clary ဟာ သူတို့လိုပဲ Shadow Hunter တစ်ဦး ဖြစ်လာမယ့်သူပါ။ Jace နဲ့ Clary ဟာ Clary ရဲ့ အောက်ထပ်မှာ နေတဲ့ စုန်းကြီး Madame Dorothea ဆီမှာ Jocelyn အကြောင်း သွားမေးကြပါတယ်။ Dorothea က Shadow Hunter တွေဟာ နတ်တမန် Raziel ဆီက အသက်ခွက်ကို လက်ခံရရှိထားသူတွေ ဖြစ်ကြောင်း ရှင်းပြပြီး Jocelyn ဘယ်ရောက်နေလဲဆိုတာ တဲရော့ကဒ်တွေကနေ ပြလိုက်ပါတယ်။ ခုချိန်မှာ Jace ကို မြင်နေရပြီဖြစ်တဲ့ Simon ဟာ Clary တို့နဲ့အတူ Luke ရဲ့ စာအုပ်ဆိုင်ကို လိုက်လာကြတဲ့အခါ မကောင်းဆိုးဝါး နှစ်ယောက် ရောက်နေပြီး Luke ကို စစ်မေးနေတဲ့အကြောင်း ကြားသွားပါတယ်Clary ဟာ ဘယ်သူလဲ။ ဘာကြောင့်သူဟာ ဒီ Shadow Hunter တွေ အကြောင်း မမှတ်မိသလဲ။ Valentine နဲ့ သူနဲ့ ဘယ်လိုပတ်သက်သလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ နာမည်ကျော် စာရေးဆရာမ Cassandra Clare ရဲ့ နာမည်ကျော် ခြောက်အုပ်တွဲ ဝတ္ထု The Mortal Instruments ကို ဒါရိုက်တာ Harald Zwart ရိုက်ကူးထားတဲ့ The Mortal Instruments: City of Bones ဟာ The Mortal Instruments ဇာတ်လမ်းတွဲများရဲ့ ပထမဆုံးအပိုင်း ဖြစ်ပါတယ်။ မင်းသမီး Lily Collins ဦးဆောင်ပါဝင်ပြီး Jamie Campbell Bower ၊ Robert Sheehan ၊ Kevin Zegers ၊ Lena Headey ၊ Aiden Turner ၊ Jemima West ၊ Godfrey Gao ၊ C. C. H. Pounder ၊ Jared Harris နဲ့ Jonathan Rhys Meyers တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDB Rating 6 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 12% ပဲ ရရှိထားပါတယ်။ PG-13 သတ်မှတ်ထားပေမယ့် အနည်းငယ် ရက်စက်တဲ့ အခန်းတွေ ပါဝင်ပါတယ်။အချိန် ၂နာရီကျော်လေး အတွင်းမှာ မြောက်များလှစွာသော ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေ၊ လှည့်ကွက်တွေနဲ့ ရှုပ်ထွေးနေပြီး ရှေးဟောင်းဒဏ္ဍာရီတွေကို ရောသမမွှေထားတဲ့ ဇာတ်ကားပါ။ Review Credit