7.0
248,814
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

Orphan (2009)

Horror, Mystery, Thriller

Credits 200

အံ့ဩစရာ ဆန်းကြယ်မှုတွေ ထိတ်လန့်စရာ‌တွေ ပြည့်နေတဲ့ mystery ဆန်ဆန် စိတ်လှုပ်ရှားဖွယ် ကားတစ်ကားဖြစ်ပါတယ်။ မိဘမဲ့ကလေးတစ်ယောက်ကို မွေးစားမိတဲ့ မိသားစုတစ်စုရဲ့ အိပ်မက်ဆိုးကြီးအကြောင်းပါ။ ကိတ်နဲ့ ဂျွန်တို့ ဇနီးမောင်နှံက တတိယမြောက်ကလေး ကိုယ်၀န်ရှိလာပြီး မွေးတဲ့အချိန်မှာ ကလေးက အဖက်မတင်ခဲ့ပါဘူး။ ဒီအတွက်ကိတ်က အမြဲ အိပ်မက်ဆိုးတွေမက်နေခဲ့ပြီး စိတ်ရောဂါကုဆရာ၀န်နဲ့ပါ ပြနေရပါတယ်။ သူမရဲ့ ဒုတိယကလေး မက်စ်က သူမ အရက်မူးပြီး ကားမောင်းတဲ့အတွက် ရေကန်ထဲနစ်လုနီးပါး ဖြစ်ခဲ့လို့လည်းပါပါတယ်။ မက်စ်က စကားမပြောနိုင်တဲ့အပြင် နားပါ ကောင်းကောင်းမကြားရတဲ့ ကလေးမလေးပါ။ ကိတ်ကလည်း ယူကြုံးမရဖြစ်ပြီး အရက်ပါဖြတ်ခဲ့ပါတယ်။ အဲ့နောက် ကိတ်က သေသွားတဲ့ သမီးလေးအစား ဖြေသိမ့်ဖို့ ကလေးတစ်ယောက် ထပ်မွေးစားဖို့ စီစဉ်ပါတော့တယ်။ ကိတ်တို့သွားတဲ့ မိဘမဲ့ဂေဟာမှာ ချစ်စရာကောင်းတဲ့ ၉နှစ်အရွယ် ကလေးမလေး အက်စ်သာကို တွေ့ပြီး သဘောကျသွားတဲ့အတွက် မွေးစားဖြစ်သွားပါတယ်။ အက်စ်သာရောက်လာတဲ့အချိန်ကစပြီး မိသားစုထဲမှာ ထူးဆန်းတာတွေ ဖြစ်လာပါတယ်။ အက်စ်သာက။ ထူးဆန်းတဲ့အပြုအမူတွေရှိပြီး ကျောင်းမှာရော အိမ်မှာပါအမြဲပြသာနာတက်ပါတယ်။ သူက ကိတ်တို့ထင်သလို သာမန် မိဘမဲ့ကလေးမလေးပဲလား၊ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ဖုံးကွယ်ထားတာလဲဆိုတာကို ဇာတ်လမ်းအစအဆုံးသိချင်စိတ်အပြည့်နဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်