မြန်မာနိုင်ငံတော်ဂိမ်းထဲမှာတဖုန်းဖုန်းသေနေပြီးအဆဲခံနေရတဲ့သခင်ကြီး Sun ခေါ်စွန်း၀ူခုန်းဆိုတာငပေါလေးမဟုတ်ပဲတကယ်ကြမ်းတဲ့ Character တစ်ယောက်ဖြစ်ကြောင်းကိုပြန်သတိပေးဖို့အတွက် 2014 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Monkey King ဆိုတဲ့ဇာတ်ကားဟောင်းလေးကိုပြန်တင်ဆက်ပေးလိုက်ပါတယ်။စွန်း၀ူခုန်းဆိုတဲ့ Character ကိုအများကြီးပြန်လည်မိတ်ဆက်ပေးနေစရာမလိုပဲအရင်ခေတ်ရောအခုခေတ်မှာပါလူတော်တော်များများကသိပြီးသားဖြစ်နေမှာပါ။
ဒါပေမယ့်အကျဉ်းချုပ်လေးအနေနဲ့ပြောပြရင်းမှတ်ဉာဏ်လေးတွေကိုပြန်နှိုးဆွပေးပါရစေ။စွန်း၀ူခုန်းဆိုတာကရိုးရိုးတန်းတန်းပေါက်ဖွားလာတဲ့သာမန်မျောက်တစ်ကောင်မဟုတ်ဘဲနတ်ဘုရားမနူဝါဆီကနေဆင်းသက်လာတဲ့မျောက်တစ်ကောင်ဖြစ်တဲ့အတွက်မွေးကတည်းကနတ်ဒေဝါတွေရဲ့အစွမ်းတွေနဲ့ပါရမီပါလာသူဖြစ်ပါတယ်။သူ့ကိုလမ်းမှန်ရောက်ဖို့ဆရာပုတိကသင်ကြားလမ်းပြပေးခဲ့ပေမဲ့နတ်ပြည်နဲ့ရန်ငြိုးရန်စရှိနေတဲ့မီးတောင်ဆီနှင်ထုတ်ခံခဲ့ရတဲ့နတ်ဆိုးတွေက၀ူခုန်းကိုအသုံးချပြီးနတ်ပြည်ကိုတိုက်ခိုက်ဖို့ကြိုးစားတဲ့အခါမှာတော့ လူတွေရဲ့သဘောသဘာ၀တွေကိုသေချာနားမလည်တဲ့၀ူခုန်းတစ်ယောက်နတ်ပြည်မှာဘယ်လိုတွေတက်သောင်းကျန်းပြီး ဘယ်လိုတွေပြစ်ဒဏ်ခံရမယ်ဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားဟောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်