7.4
691,857
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

6.1 GB

Credit

500

Wonder Woman (2017)

Action, Adventure, Fantasy

Credits 500

ပင်လယ်ပြင်ကျယ်ကြီးရဲ့တစ်နေရာမှာ အလွန်သာယာလှပသော ကျွန်းလေးတစ်ကျွန်းရှိတယ်။ ထိုကျွန်းနေလူသားတွေကတော့ ထိုကျွန်းလေးကို Themyscira လို့ခေါ်ကြတယ်။ ထူးဆန်းတာက ထိုကျွန်းလေးပေါ်ကို လူသူအရောက်အပေါက် မရှိပဲ တစ်ကျွန်းလုံးက ကြည့်ရတာ အေးချမ်းသာယာလွန်းတယ်။ ပိုပြီးထူးဆန်းတာက တစ်ကျွန်းလုံးမှာ ဖိုသတ္တဝါဆိုလို့တစ်ကောက်တစ်မြီးမှတောင် မတွေ့ရဘူး။သူတို့ဟာ ရှေးဂရိနတ်ဘုရားရှင်တွေ ဖန်ဆင်းခဲ့ကြတဲ့ စစ်ဘက်မှာ သာလွန်တဲ့ Amazonians အမျိုးသမီးတွေပဲ။ ထိုကျွန်းလေးပေါ်မှာ ကလေးဆိုလို့တစ်ယောက်ပဲရှိတယ်။ ထိုကလေးမလေးက Hippolyta ဘုရင်မရဲ့သမီးတော်လေးဖြစ်ပြီး ငယ်စဉ်ကတည်းက တိုက်ရခိုက်ရတာကို စိတ်အားထက်သန်တဲ့ ကလေးမလေးတစ်ယောက်။ မိခင်ဖြစ်သူက ယခုလို သမီးကလေး တိုက်ရေးခိုက်ရေးအပေါ် စိတ်ဝင်စားတာကို မလိုလားဘူး။ (အမှန်တော့ သူ ယခုလို မလိုလားခဲ့တာလည်း အကြောင်းရှိလို့ပါ။) ဒါပေမဲ့ ကလေးမလေးရဲ့အဒေါ်ဖြစ်သူ စစ်သမီးကြီး Antiope ဆီမှာ သိုင်းပညာတွေ ခိုးသင်ခဲ့တယ်။ တားမြစ်နေတဲ့ကြားကတည်းက ယခုလို တိုက်ရေးခိုက်ရေးကို စိတ်ပါနေတဲ့ သမီးလေးကို တားမြစ်ချင်ပေမဲ့ ညီအစ်မဖြစ်သူ Antiope က တစ်နေ့မှာ ဒီကလေးမလေးဟာ ဒီပညာတွေ ကျိန်းသေလိုအပ်လာလိမ့်မယ်။ ဒါကို နင်လည်း သိတယ်။ ရှောင်လွှဲလို့မရမဲ့ အရာတစ်ခုလို့ပြောလိုက်တာကြောင့် အမေဖြစ်သူ Hippolyta ဘုရင်မက သမီးလေးကို တိုက်ရေးခိုက်ရေးပညာ သင်ဖို့သဘောတူညီခဲ့တယ်။ ထို့အပြင် ဒီကလေးမလေးကို ဒီကျွန်းပေါ်က အမျိုးသမီးတိုင်းထက် ပိုတော်အောင် သင်ပေးရမယ်လို့ဂတိတောင်းခဲ့တယ်။ ထို့အပြင် နင့်ထက်လည်း ပိုတော်စေရမယ် လို့ဘုရင်မက သူ့ညီအစ်မကို ဂတိတောင်းခဲ့တယ်။ ထိုမိန်းမပျိုလေး နာမည်ကတော့ Diana တဲ့။ . Diana လေးကြီးလာတော့ တစ်ကျွန်းလုံးမှာ သူမသာ အတော်ဆုံးနီးပါးဖြစ်လာခဲ့တယ်။ တစ်နေ့မှာတော့ ကောင်းကင်ယံကနေ လေယာဉ်တစ်စီး ပင်လယ်ထဲကို ထိုးကျသွားတာ Diana မြင်မိပြီး ထိုလေယာဉ်ပေါ်က လူကို သွားဆင်းကယ်ခဲ့တယ်။ ဒါပေမဲ့ ထိုလေယာဉ်မောင်းသမားနဲ့အတူ စစ်ကြီးတစ်ခုပါလာခဲ့တယ်။ ဒီလိုနဲ့ပထမကမ္ဘာစစ်ကြီးရဲ့အရိပ်အငွေ့သဲ့သဲ့လေးဟာ အေးချမ်းနေတဲ့ Themyscira ကျွန်းလေးဆီကို ဝင်ရောက်လာပါတော့တယ်။ ထိုလေယာဉ်ပေါ်က ယောကျ်ားရဲ့နာမည်က Steve Trevor ဖြစ်ပြီး သူဟာ German တွေဆီမှာ စုံထောက်အဖြစ်လုပ်ကိုင်နေတဲ့ American တစ်ယောက်ဖြစ်ပြီး ဒီစစ်ပွဲကြီးထဲမှာ မှန်ကန်တဲ့ဘက်က တိုက်နေတာဖြစ်တယ်လို့ဆိုခဲ့တယ်။ . Diana ဟာ သူမမိခင်ဖြစ်သူ Hippolyta ပြောတဲ့ ပုံပြင်တွေနဲ့ကြီးပြင်းခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ရှေးတုန်းက Zeus နတ်ဘုရားကြီးရဲ့သားတော် Ares ဆိုတဲ့ စစ်နတ်ဘုရားတစ်ပါးဟာ လူသားတွေကို စစ်ပွဲတွေအတွက် ပျက်ဆီးအောင် ဖျားယောင်းသွေးဆောင်ခဲ့ပြီး Olympus တောင်ကုန်းပေါ်မှာ သူ့ဖခင် Zeus နတ်ဘုရားကြီး အပါအဝင် တစ်ခြားနတ်ဘုရားအများစုကိုလည်း နှိပ်စက် သတ်ဖြတ်ခဲ့တယ်။ Zeus နတ်ဘုရားကြီးဟာ သေအံ့ဆဲဆဲမှာပဲ သားတော် စစ်နတ်ဘုရား Ares ကို နှိမ်နင်းလိုက်နိုင်ပြီး နောင်တစ်ချိန်မှာ Ares ပြန်ပြီး ပုန်ကန်လာရင် နှိမ်နင်းနိုင်မဲ့ လက်နက်တစ်ခုကို ကာကွယ်စောင့်ရှောက်ဖို့Amazonians တွေကို တာဝန်ပေးခဲ့တယ်။့Amazonians တွေနေဖို့လည်း Themyscira ဆိုတဲ့ ကျွန်းလေးကို ဖန်ဆင်းပေးခဲ့တယ်။ ဒီလို ရှေးနတ်ဘုရားပုံပြင်တွေကို ယုံကြည်တဲ့ Diana တစ်ယောက် ယခုကမ္ဘာပေါ်မှာဖြစ်နေတဲ့ ပထမကမ္ဘာစစ်ကြီးဟာလည်း စစ်နတ်ဘုရားကြီး Ares ကြောင့်ဟု ယုံကြည်ကာ Ares ကို တိုက်ခိုက်ရန် Steve နဲ့အတူ ပြင်ပကမ္ဘာကြီးထဲကို လိုက်ပါလာတော့တယ်။ သူမရဲ့ရည်ရွယ်ချက်ကလေးက ရှင်းတယ်။ Ares ကို ရှာလို့သတ်ဖြတ်နိုင်ခဲ့ရင် ကမ္ဘာပေါ်ကယခု ကမ္ဘာစစ်ကြီး ပြီးဆုံးသွားမယ်။ ဒါ သူမယုံကြည်ခဲ့တာ။ သူမယုံကြည်ရာကို သူမလုပ်ဖို့သူမဆုံးဖြတ်ခဲ့တာပဲလေ။ သူမ ယုံကြည်ရာကို တိုက်ပွဲဝင်ဖို့ထွက်လာခဲ့တယ်။ သူမတစ်သက်မှာ တစ်ခါမှ မကြုံဘူးတဲ့ လူသားတွေရယ်၊ ယောကျ်ားတွေရယ်၊ လောကကြီးရယ်ကို သူမ ရင်ဆိုင်ရတော့မယ်လေ