7.8
386,247
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

The Fighter (2010)

Action, Biography, Drama

Credits 200

အမေရိကန် ဒါရိုက်တာ ဒေးဗစ်အို ရပ်စ်ဆဲလ်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးခဲ့တာပါ။ အမေရိကန်လက်ဝှေ့အားကစားသမား မစ်ကီဝါ့ဒ်(အိုင်းရစ်)နဲ့ သူ့ရဲ့ အမေတူ အဖေကွဲ အစ်ကိုဖြစ်တဲ့ ဒစ်ကီ အက်ကလန်(ဘီလ်)တို့အကြောင်းကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားမှာပါဝင်တဲ့ မစ်ကီဝေါ့ဒ်ရဲ့ နေရာမှာ မာခ်ဝါလ်ဘာ့ဂ်က သရုပ်ဆောင်ထားပါတယ်။ အစ်ကိုဖြစ်တဲ့ ဒစ်ကီ အက်ကလန်ရဲ့နေရာမှာတော့ ခရစ္စတင်းဘီလ်က ပါဝင်သရုပ်ဆောင်ပါတယ်။ The Dark Knight ဇာတ်ကားမှာတုန်းက လင်းနို့လူသားနေရာက သရုပ်ဆောင်ထားခဲ့တဲ့ ခရစ္စတင်းဘီလ်ဟာ Terminator Salvation ဇာတ်ကားနဲ့ Public Enemies ဇာတ်ကားတွေမှာ ပါဝင်ခဲ့သူဖြစ် ပါတယ်။ ဒါ့အပြင် The Fighter ဇာတ်ကားမှာ သရုပ်ဆောင်ထားခဲ့တဲ့ ဇာတ်ရုပ်နဲ့ အော်စကာရော၊ ရွှေကမ္ဘာလုံးဆုပါ ရခဲ့ပါတယ်။ မစ်ကီနဲ့ဒစ်ကီ၊ ညီအစ်ကို နှစ်ဦးစလုံးက လက်ဝှေ့အား ကစားသမားတွေ ဖြစ်ကြပါတယ်။ လက်ဝှေ့ဝါသနာချင်း တူကြပေမယ့် မစ်ကီနဲ့ဒစ်ကီတို့ဟာ စိတ်သဘောထားချင်း ကွဲပြားမှုရှိပါတယ်။ မစ်ကိုက ငယ်ရွယ်သူဖြစ်ပေမယ့် ဒစ်ကီထက်ဘဝကို အလေးအနက် ထားချင်သူဖြစ်ပါတယ်။ ဒစ်ကီက ဘဝကို ဖြစ်သလိုဖြတ်သန်းရင်း ပျော်အောင်နေချင်သူပါ။ ဒစ်ကီမှာ ရှိနေတဲ့ အ ကြီးမားဆုံး ပြဿနာကကိုယ်အလေးချိန်မ ပြည့်လို့ လက်ဝှေ့အားကစားပွဲတွေမှာ ဝင် မပြိုင်နိုင်တာဖြစ်ပါတယ်။ သူ့ရဲ့ညီကို လေ့ကျင့် ပေးတဲ့ ထရိန်နာ တစ်ဦးအဖြစ် နေထိုင်ခဲ့ပါတယ်။ မစ်ကီရဲ့ပွဲဦးထွက် ပြိုင်ပွဲက အနိုင်နဲ့ အလှမ်းကွာခဲ့ပါတယ်။ ဒီလို အချိန်မှာပဲ ဒစ်ကီရဲ့ အရှုပ်တော်ပုံထဲ ဝင်ပါမိလို့ ဒစ်ကီတစ် ယောက်လက်ဝှေ့သမားဘဝ ဆုံးရှုံးရမလိုဖြစ် သွားခဲ့ပါတယ်။ ဒစ်ကီကတော့ သူ့ရဲ့အရှုပ် တော်ပုံကြောင့်ထောင်ကျသွားပါတယ်။ ညီ အစ်ကို နှစ်ဦး ဆက်ဆံရေးက အေးစက်လာပါ တယ်။ ဒစ်ကီက ဘာမှမဖြစ်ပေမယ့် မစ်ကီက သူ့အစ်ကိုအပေါ်မှာ အခဲမကြေ ဖြစ်ခဲ့ပါတယ်။ ဒီစိတ်ကြောင့်ပဲ လက်ဝှေ့ပြိုင်ပွဲ တွေမှာဝင်ပြိုင်ရင်း အောင်မြင်မှုကိုရှာဖွေခဲ့ပါ တယ်။ တကယ်လည်း အောင်မြင်ခဲ့ပါတယ်။ ဒစ်ကီ ထောင်ကလွတ်လာတော့ မစ်ကီက ပြန်လက်ခံဖို့ တွန့်ဆုတ် နေခဲ့ပါတယ်။ ဒီလိုနား လည်မှုလွဲတာတွေ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မစ်ကီအတွက် ထရိန်နာဘဝကို ဒစ်ကီ ပြန်ရခဲ့ပါတယ်။ ဒီအချိန်က စပြီးသူတို့နှစ်ဦး ပေါင်းလို့ အောင်မြင်မှုအသစ်တွေကို ရှာဖွေနိုင် ခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Fighterဇာတ်ကားမှာ မိသားစု သံယောဇဉ်၊ ပဋိပက္ခ၊ စိတ်ဓာတ်ခွန်အား စတဲ့အချက်တွေကို ပြသခဲ့ပါတယ်။ တကယ်လို့များ ရုပ်ရှင်ကြည့်သူတွေက ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ Raging Bull ဇာတ်ကားနဲ့ Rocky ဇာတ်ကားအကြောင်း ပြောလာမယ်ဆိုရင် အဲဒီ ဇာတ်ကားတွေကို အကြိမ် ၃၀ထက်မနည်း သူ ကြည့်ခဲ့ပြီး ဖြစ်တဲ့အကြောင်း ပြန်ပြောမယ်လို့ မာခ်ဝါလ်ဘာ့ဂ်က ပြောခဲ့ပါတယ်။