6.4
4,292
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.8 GB

Credit

200

Rise of the Legend (2014)

Action, Biography, Drama

Credits 200

ဒီကားလေးကတော့ ချင်မင်းဆက်နှောင်းပိုင်းကို ဇာတ်အိမ်တည်ထားတဲ့ ၂၀၁၄ခုနှစ်ထွက် ဟောင်ကောင်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကွမ်ကျိုး ပုလဲမြစ်ရဲ့ မြစ်ဝကျွန်းပေါ်ဒေသကို လက်ဝါးကြီးအုပ်ထားတဲ့ ကျားနက်ဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းဆိုတဲ့ လူဆိုးဂိုဏ်းနှစ်ခုရှိပါတယ်။ ကျားနက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လေးမှာ မွေးစားသားသုံးယောက်ရှိပြီး အဲဒီသားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ခွဲပြီး လုပ်နေတာဖြစ်ပါတယ်။ လောဘတက်လာတဲ့ ဂိုဏ်းချုပ်လေးက မြောက်ပင်လယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတ်ဖို့ ကြိုးစားပါတော့တယ်။ ဒါကြောင့် သူ့ရဲ့ အတော်ဆုံးတပည့်တွေကို ဆင့်ခေါ်ပြီး မြောက်ပင်လယ်ဂိုဏ်းချုပ်ရဲ့ခေါင်းကို ယူလာနိုင်တဲ့သူကို သူ့ရဲ့ လေးယောက်မြောက်သားအဖြစ် မွေးစားမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီတပည့်တွေထဲက ဟွမ်ဖေးဟုန်ဆိုတဲ့ တပည့်လေးက တကယ် မြောက်ပင်လယ်ဂိုဏ်းခေါင်းဆောင်ရဲ့ ခေါင်းကို အရယူလာနိုင်ခဲ့ပါတယ်။ အရည်အချင်းရှိတဲ့ ဟွမ်ဖေးဟုန်ကို ဂိုဏ်းချုပ်က ပြောထားတဲ့အတိုင်း လေးယောက်မြောက်သားအဖြစ် မွေးစားလိုက်ပါတော့တယ်။ ဒါပေမဲ့ ဟွမ်ဖေးဟုန်က ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ၊ သူ့အတိတ်မှာရော ဘာတွေဖြစ်ခဲ့တာလဲ၊ ဘာလို့ ဂိုဏ်းထဲကို ဝင်လာခဲ့တာလဲဆိုတာတွေကိုတော့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်