7.0
482,600
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

We're the Millers (2013)

Comedy, Crime

Credits 200

2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ We're the Millers ဆိုတဲ့ ရုပ်ရှင်ကားလေးဟာဆိုရင်တော့ ဆေးရောင်းဝယ်ရေးကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင်တော့ ဆေးခြောက်ကို တစ်နိုင်တစ်ပိုင် ရောင်းဝယ်နေတဲ့ ဒေးဗဒ် တစ်ယောက် တစ်နေ့ ဓားပြတိုက်ခံရလို့ သူဌေးပိုက်ဆံတွေ အကုန်အခိုးခံလိုက်ရတဲ့ အချိန်မှာတော့ မက်ဆီကို ကနေ ဆေးမှောင်ခိုကူးဖို့ ခိုင်းစေတာကို မငြင်းဆန်နိုင်‌တော့ပဲ လုပ်‌ပေးရပါတော့တယ်။ နယ်စပ်ကိုကျော်ဖြတ်သွားရမှာ ဖြစ်တာကြောင့် နယ်ခြားစောင့်‌တွေ ဆီကနေ အစစ်အဆေးလွတ်အောင် မိသားစု ခရီးသွားအနေနဲ့ ဟန်ဆောင်ဖို့အတွက် အိမ်နီးချင်းလည်းဖြစ် ကလပ်မှာ အလုပ်လုပ်တဲ့ မိန်းမတစ်ယောက်ရယ် ‌ဘေးအခန်းက ဟီးရိုးအရမ်းလုပ်ချင်တဲ့ ခပ်တုံးတုံး ကောင်လေးတစ်ယောက်ရယ် အိမ်ခြေယာမဲ့ ခပ်ဆိုးဆိုးဆယ်ကျော်သက်မလေးရယ်နဲ့ မိသားစုလို ဟန်ဆောင်ပြီး ခရီးသွားဖို့ဖြစ်လာပါတော့တယ်။ အဲ့လိုနဲ့ လမ်းခရီးမှာ ဘယ်လိုအလွဲတွေကြုံတွေ့ရမလဲ အစစ်အဆေးတွေ ဆီကရော ဘယ်လို လွတ်အောင် ဖန်တီးကြမလဲ အလုပ်သဘောအရ သာ ခရီးအတူတူ သွားခဲ့ကြပေမယ့် လမ်းခရီးမှာတစ်ယောက်နဲ့ တစ်ယောက် အခက်အခဲတွေ ပျော်စရာတွေ ကြုံတွေ့ရင်း မိသားစုသံယောဇဉ် ဖြစ်လာပုံလေးကို ဟာသဆန်ဆန် နဲ့ ကြည်နူးဖွယ် ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။