6.4
106,944
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Colombiana (2011)

Action, Drama, Thriller

Credits 200

မိဘနှစ်ပါးစလုံး မျက်စိရှေ့တင်အသတ်ခံလိုက်ရတာကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ၉နှစ်အရွယ်ကလေးမလေး ကတ်တလီယာ ... ဘာကြောင့်အသတ်ခံရတယ်ဆိုတာကို နားမလည်သေးတဲ့အရွယ်ဖြစ်ပေမဲ့ သူ့အဖေအသတ်မခံရခင် မှာသွားခဲ့တဲ့တာဝန်တွေကို ပြီးဆုံးအောင်လုပ်ပြီးတဲ့နောက်မှာ သူ့ကိုဆက်ပြီးစောင့်ရှောက်ပေးမဲ့ ဦးလေးဖြစ်သူထံကို သူ့အဖေပေးခဲ့တဲ့လိပ်စာအတိုင်း တစ်ယောက်တည်းခရီးနှင်လာခဲ့တယ်။ အရွယ်နဲ့မလိုက် စိတ်ဒဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့ ကတ်တလီယာလေးဟာ သူ့မိဘတွေကိုသတ်သွားခဲ့တဲ့ အကြမ်းဖက်လက်နက်ကိုင်အုပ်စုရဲ့ခေါင်းဆောင်ဒွန်လူဝစ်ကို ပြန်ပြီးလက်စားချေချင်တဲ့စိတ်က အဲဒီအရွယ်ကတည်းက ဖြစ်တည်လာပါတော့တယ်။ အရွယ်ရောက်လာတဲ့အခါ သူ့ဦးလေးအတွက် ကြေးစားလူသတ်သမားအနေနဲ့အလုပ်လုပ်ပြီး ကျန်တဲ့အချိန်တွေမှာ သူ့ရဲ့ပစ်မှတ်ဖြစ်တဲ့ ဒွန်လူဝစ်ကိုရော ဘယ်လိုလက်စားချေမှုတွေနဲ့ တုံ့ပြန်သွားမလဲ... မိန်းကလေးတစ်ယောက်အနေနဲ့ လက်စားချေခွင့်ရနိုင်ပါ့မလား... ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။