6.8
462,861
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.1 GB

Credit

200

Spectre (2015)

Action, Adventure, Thriller

Credits 200

ဒီဇာတ်ကားမှာ ဂျိမ်းစ်ဘွန်းက Spectre ဆိုတဲ့ တကယ့်လူဆိုးဂိုဏ်းကြီးကို ဖြိုခွဲရမှာပါ။ ဒီမှာ ဇာတ်လမ်းသဘောကို ကြီးကျယ်သွားစေတဲ့အချက်က အဲ့ဒီ Spectre ဆိုတာဟာ ဂျိမ်းစ်ဘွန်းတို့ရဲ့ မဟာရန်သူတော်ကြီးတွေ စုစည်းပါဝင်နေတဲ့ တကယ့်လူဆိုးဂိုဏ်းကြီးပါ။ ယခင်ဇာတ်ကားတွေက မဟာရန်သူတော်ကြီးတွေက ဒီဂိုဏ်းရဲ့ အဖွဲ့ဝင်ဆိုတော့ ယခု Spectre ဂိုဏ်းကို ဖြိုခွဲခြင်းက ဂျိမ်းစ်ဘွန်းသမိုင်းမှာ အခရာကျတဲ့ နေရာကပါဝင်လာပါတယ်။ မင်းသားကြီး ဒယ်နီရယ်ခရိတ်ခ်ရဲ့ တကယ့်ရန်သူတော်ကြီးကို Skyfall မှာတုန်းက သေသွားခဲ့တဲ့ M က မသေခင် ပေးပို့သွားတဲ့ Message ကနေခြေရာခံလိုက်ခဲ့တာပါ။ အဲ့ဒီရန်သူတော်ကြီးက Spectre ဆိုတဲ့ ဂိုဏ်းအဖွဲ့က ဖြစ်ပြီး ပေါ့သေးသေးရန်သူမဟုတ်ချေ။ ဂျိမ်းဘွန်းရဲ့ ချစ်သူခင်သူ သံယောဇဉ်ရှိသူအားလုံးကို သတ်ပစ်ခဲ့သူတစ်ယောက်ပါ။ ဇာတ်လမ်းထဲမှာဂျိမ်းဘွန်းကိုပြောသွားတာတော့ "ငါက မင်းရဲ့ ဝေဒနာတွေကို ရေးသားသူပေါ့" တဲ့။ ယခင်ဂျိမ်းဘွန်းကားတွေနဲ့ မနှိုင်းယှဉ်တော့ပါဘူး...ဒီဖက်ခေတ်အထာတွေအများကြီးပါဝင်လာတာမို့လို့ပါ။ ယခင်ဇာတ်ကားတွေလို ဂျိမ်းစ်ဘွန်းကို Team တစ်ခုလုံးက မထောက်ပံ့နိုင်အောင် (Sherlock ရဲ့ရန်သူ မိုရီရာတီအဖြစ် သရုပ်ဆေင်သူမှ) ဝင်ရှုပ်နေပါတယ်။ ဒါကြောင့် Q တို့ မန်နီပန်နီတို့ M တို့က တရားဝင်ကူညီခွင့်မရဘဲ ဘေးကနေ အသာလေးကူညီနေရပြီး ဂျိမ်းစ်ဘွန်းတစ်ယောက်ထဲ ကြိုးစားရုန်းကန်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတာကြောင့် ရှေးခေတ်တုန်းကလို ဘော်ကြော့ ဟီးရိုး မဟုတ်တော့ဘဲ ယခုခေတ် ခပ်မိုက်မိုက် ထီမထင် ဟီးရိုးပုံစံဖြစ်လာပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Amanda James ဖြစ်ပါတယ်